Tip:
Highlight text to annotate it
X
ကိုယ်တော်ရဲ့ဘွဲ့တော်က ရိုးသားဖြောင့်မတ်တဲ့သစ္စာရှင်ပါ။
လူတွေက သူတို့ရဲ့သမီးလေးတွေကို အရှင်လတ်လတ်မြေမြုပ်သတ်ဖြတ်ပစ်တဲ့အချိန်မှာ သခင်ဟာ ပွင့်ပေါ်လာခဲ့တယ်။
သခင်ဟာ အမျိုးသမီးများရဲ့ ကယ်တင်ရှင်၊ ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်မှုအပေါင်းမှ ကင်းလွတ်စေခဲ့သူ၊ အမျိုးသမီးအခွင့်အရေးကို လေးစားတဲ့သူ ဖြစ်ခဲ့တယ်။ သခင်ဟာ သူ့ရဲ့ဇနီးအတွက် စံပြခင်ပွန်းဖြစ်ခဲ့တယ်။ 4 00:00:20,600 --> 00:00:25,400 သခင်ဟာ သူ့လူမျိုးစုတွေအတွက် အကောင်းဆုံး စံပြမိတ်ဆွေ ဖြစ်ခဲ့တယ်။ သခင်ဟာ အင်အားကြီးမားတဲ့ နိုင်ငံကြီးတစ်ခုရဲ့ အဓိပတိဖြစ်ခဲ့တယ်။
သခင်ဟာ ဖြူ-မဲမခြား သူ့ပြည်သူလူထုကို တန်းတူညီမျှစွာဆက်ဆံခဲ့တယ်။
သခင်ဟာ ကျွန်တွေကို လွတ်မြောက်စေခဲ့ပြီး၊ သူတို့ကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိသူများ ဖြစ်စေခဲ့တယ်။
ရဗဟ်ရဲ့သား၊ ဗိလာလ်ဆိုတဲ့သူဟာ မုဟမ္မဒ်ကိုလက်ခံပြီး၊ အစ္စလာမ့်ဘောင်တွင်း ၀င်ရောက်ခဲ့တဲ့ ပထမဦးဆုံး လူမဲတစ်ဦးဖြစ်တယ်။ ဒီပုဂ္ဂိုလ်ဟာ သူ့ဘ၀နဲ့အသက်ကို သခင့်အဖို့ ပေးလှူဖို့ အဆင်သင့်ဖြစ်ခဲ့တယ်။
ဒါ ဘာကြောင့်လဲ။
သခင်ဟာ သစ္စာရှင်နဲ့ သမာဓိရှင် ဖြစ်ခဲ့တယ်။ သခင်ဟာ သူရသတ္တိနဲ့ပြည်စုံပြီး စိတ်ဓါတ်ကြံ့ခိုင်သူတစ်ဦးဖြစ်သော်လည်း မိမိကိုယ်ကို နှိမ့်ချခဲ့တယ်။
သခင်ဟာ ဂရုဏာရှင် ဖြစ်ခဲ့တယ်။ သွာအိဖ်မြို့ရဲ့ အဖြစ်အပျက်ကို နားဆင်ကြည့်ပါ။ သခင်ဟာ တစ်ဦးတည်း အစ္စလာမ်သာသနာဘက်ကို ဖိတ်ခေါ်ခဲ့တယ်။ လူတွေက သခင့်ကို ကျောက်တုံးကျောက်ခဲတွေနဲ့ သဲကြီးမဲကြီး ပစ်ပေါက်ခဲ့ကြတယ်။
စိတ်နှလုံးတွေ ၀မ်းနည်းကြေကွဲပြီး၊ ခိုက်ခိုက်တုန်ခဲ့တယ်။ အရိုးများပေါ်တဲ့အထိ အသားတွေ ပွန်းပဲ့စုတ်ပြတ်သွားလို့ သွေးတွေဟာ ဖိနပ်ထဲအထိ ယိုစီးလာပြီး၊ လမ်းမလျှောက်နိုင်အောင် ထိခိုက်နာကျင်ခဲ့ရတယ်။
သခင်ဟာ သူ့ရဲ့ ကိုးကွယ်ရာအရှင်ထံ ဆုပန်ခဲ့တယ်။ "အို-အရှင်! အရှင်မြတ်ဟာ ကျနော်မျိုးအား ကျေနပ်နှစ်မြို့နေသရွေ့" "ဒီဒဏ်ရာတွေနဲ့ နာကျင်မှုတွေဟာ ဘာမျှ မှုစရာ မရှိပါ။"
ဒီလိုနဲ့ ကောင်းကင်တမန် ဂျီဗရာအီးလ်ရောက်ရှိလာပြီး၊ သခင့်ကို လျှောက်ထားခဲ့တယ်။ "ကျနော့်အား စကားတစ်လုံးတည်းနှင့် အမိန့်ရှိတော်မူပါ။ ကျနော် သခင့်အား ဒုက္ခပေးတဲ့သူတွေရဲ့ အိမ်တွေအားလုံးကို စိစိညက်ညက်ချေပစ်လိုက်ပါ့မယ်"
ဒီတော့ သခင်က "မလုပ်ပါနဲ့"၊ ခေတ္တနေပါဦးလို့ ထိန်းလိုက်ပြီး၊
သူတို့တွေ ကျုပ်အား မည်သို့ပင် ပြုမူဆက်ဆံပါစေ၊ ကျုပ် သူတို့ကို ခွင့်လွှတ်လိုက်ပါပြီ။
နောက်တစ်ချိန် ဒီမြေမှာ မွေးဖွားလာမဲ့ သူတို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေထဲမှာ မုအ်မင်န်တွေ ဖြစ်လာနိုင်တယ်။
ဒါကြောင့် သင့်အနေနဲ့ ကျုပ်တို့မုစ်လင်မ်တွေက ကျုပ်တို့ကိုယ်ကို ကျုပ်တို့ချစ်မြတ်နိုးတာထက်ပိုပြီး ဘာကြောင့် သခင့်ကို ပိုပြီး ချစ်မြတ်နိုးရတာလဲဆိုတာ သိချင်လိမ့်မယ်။
သခင်ဟာ ဖမဲ့ကလေးဖြစ်ခဲ့ပေမဲ့ မိခင်ရဲ့အမိန့်ကို တသွေမတိမ်း လိုက်နာခဲ့တဲ့ သားလိမ္မာဖြစ်ခဲ့တယ်။
မိခင်ရဲ့ခြေဖ၀ါးအောက်မှာ သင်တို့ရဲ့ ဂျန္နသ်နိဗ္ဗာန်ဘုံရှိတယ်။ ဒါကြောင့် မိခင်တွေကို ကောင်းမွန်စွာ ဆက်ဆံပြီး၊ ချစ်ခင်ယုယပါလို့ (သခင် မိန့်ရှိခဲ့တယ်)
ကိုယ့်အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို အခြားညီနောင်အဖို့ မကြိုက်နှစ်သက်သမျှကာလပတ်လုံး သင်တို့တွေ စစ်မှန်တဲ့ မုစ်လင်မ်ဖြစ်လာမှာ မဟုတ်ဘူး (လို့ သခင်မိန့်ရှိခဲ့တယ်။)
စီးတွေနေတဲ့ စမ်းချောင်းထဲမှာ ရောက်နေလျှင်တောင် သင်တို့ ရေကို မဖြုန်းတီးကြလေနဲ့ (လို့ သခင် မိန့်ရှိခဲ့တယ်။)
ဒါ့ပြင် သင်တို့ဟာ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာတောင် သစ်ပင်ပန်းမာန်တွေကို မဖျက်ဆီးလေနဲ့ (လို့ သခင် မိန့်ရှိခဲ့တယ်။)
သခင်ဟာ သဘာပတ်ဝန်းကျင်ကို ချစ်မြတ်နိုးလွန်းလို့ သစ်ပင်တစ်ပင်ဟာ သူ့ကို သခင်က မှီပြီး မထိုင်တော့တဲ့ အချိန်မှာ ငိုခဲ့တယ်။
အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကြောင်လေးကို အစာကျွေးဖို့ ပျက်ကွက်ခဲ့လို့ ဘယ်တော့မှ လွတ်ငြိမ်းချမ်းသာခွင့်ရမှာ မဟုတ်ဘူးလို့ (သခင် မိန့်ရှိခဲ့တယ်။)
သခင်ဟာ တိရိစ္ဆာန်တွေကို တရားမျှတစွာ ဆက်ဆံတတ်သူမို့ တိရိစ္ဆာန်တွေဟာ သခင့်ကို မြင်ရင် သခင့်ထံပါး ပြေးလွှားခစားကြတယ်။
ငှက်တွေဟာ သခင့်ကို မြင်တဲ့အခါ အုပ်စုလိုက်ဖွဲ့ပြီး နှုတ်ဆက်ကြတယ်။
ဒါဟာ သူတို့က သခင့်ကို ကိုယ်ကျင့်တရားမြင့်မြတ်တဲ့ သစ္စာရှိပုဂ္ဂိုလ်လို့ မြင်ကြလို့ပါပဲ။
လူသားတွေကို လူသားပီသစွာ နေထိုင်တတ်ဖို့ သခင်က သင်ကြားပေးခဲ့တယ်။ သင်တို့ကို နှိပ်စက်ညှင်းပန်းတဲ့သူကို သည်းခံလိုက်ပါ။
ဘာကြောင့်လဲဆိုတော့ သည်းခံတတ်တဲ့သူဟာ ကလဲစားချေတတ်တဲ့သူထက် ပိုပြီး မြင့်မြတ်လို့ပါပဲ။
ကမ္ဘာမြေပေါ်က လူတွေကို ကြင်နာပါက သင်တို့ကို ကောင်းကင်ပေါ်က အရှင်မြတ်က အထီးကျန်စေမှာ မဟုတ်လို့ (သခင်က သွန်သင်ခဲ့တယ်။)
မိုက်ကယ်ဟာ့ထ်ရေးတဲ့ ကျော်စွာ (၁၀၀)ထဲက နံပါတ် (၁) ဖြစ်တယ်။
ငတ်မွတ်သူကို ကျွေးမွေးဖို့၊ နာမကျန်းဖြစ်သူထံ သတင်းသွားမေးဖို့၊ ကျေးကျွန်တွေကို သူကောင်းပြုလို့ (သခင် မိန့်ခဲ့တယ်။)
ဒီပညာရှိစကားတွေဟာ ကျနော့်အနေနဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ထံက ရရှိခဲ့တယ်။ အဲဒီပုဂ္ဂိုလ်ကြီးဟာ လူသားတိုင်းကို အယုတ်အလတ်အမြတ်မရွေး လက်ခံခဲ့တယ်။
မာနဆိုတာ ဂျာဟိလ်တွေအဖို့ဖြစ်တယ်။ ဂျာဟိလ်ဆိုတာက လူ့ဗာလ၊ မောက်မာထောင်လွှားသူကို ခေါ်တယ်။
ဒါကြောင့် သင့်အနေနဲ့ လုပ်ချင်တာတွေ ဆက်လုပ်လို့ရတယ်။ မုန်းတီးသူတွေကလဲ ဆက်လက်ပြီး အမုန်တရားတွေနဲ့ မုန်းမာန်ဖွဲ့စေတော့။
သင်တို့တွေက (ဒို့တမန်တော်ကို ပြောင်လှောင်တဲ့) ပန်းချီတွေ၊ ကာတွန်းတွေ၊ ရုပ်ရှင်ကားတွေ ဖန်တီးရေးဆွဲ၊ ရိုက်ကူး၊ ထုတ်လုပ်ကြဖို့ အလုပ်တွေ ရှုပ်နေကြတယ်။
ဒါဟာ အနုပညာရဲ့ ဂုဏ်သိက္ခာကို ကျူးကျော်စော်ကားခြင်းပဲ။
သင့်ရဲ့ ရုပ်ရှင်ဖလင်ပြားတွေကို ယူပြီး ဖျက်ဆီးပစ်လိုက်စမ်းပါ။ အဲဒီဇာတ်လမ်းထဲက အချက်အလက်မှားတွေကို ဖျက်လိုက်စမ်းပါ။
မင်းဟာ နေရာတွေကို ဖြန်းတီးနေတာပဲ။ မင်းဟာမင်း လူရှေ့မထွက်ရဲအောင်ဖြစ်ပြီး၊ လူတွေဆီက ထွက်ပြေးဖို့ကြိုးစား၊ ပုန်းအောင်းလို့နေနေရတယ်။
မင်းလုပ်ခဲ့တဲ့လုပ်ရပ် မင်းသိတယ် မဟုတ်လား။ သူရဲဘောကြောင်မနေပဲ ကိုယ့်ပြဿနာကိုယ် ရင်ဆိုင်လိုက်စမ်းပါ။
ဒို့တတွေဟာ မင်းရဲ့ လန်ကြုတ်ဇာတ်လမ်းအတွက် သည်းခံနေကြဖို့ မင်းဟာမင်း ပုံဖော်ထားတဲ့ ရုပ်ထုရဲ့ရှေ့မှာ ဆုတောင်းထားပါ။
မင်းဟာ မင်းလုပ်ခဲ့တဲ့ အမှားအတွက် ပြေးလွတ်မှာတော့ မဟုတ်ပါဘူး။
မင်းရဲ့အမှားရဲ့ရလာဒ်ကတော့ ကြီးစွာသောပျက်စီးဆုံးရှုံးမှုတွေနဲ့ မီးပွားမီးစတွေအဖြစ် တောက်လောင်နေမှုတွေပဲ ဖြစ်တယ်။
မင်းမှတ်ထား- လွတ်လပ်စွာပြောဆိုခွင့်ဆိုတာရှိပေမဲ့ အမုန်းတရားကို လွတ်လပ်စွာ ဖြန့်ဖြူးခွင့်မရှိဘူးဆိုတာပဲ။
လူသားထုတစ်ရပ်လုံးအတွက် ညစဉ်ညတိုင်း ငိုနေခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ (ငါတို့ရဲ့ တမန်တော်)
"အုမ္မသ်သီ၊ အုမ္မသ်သီ" ဆိုပြီး (လူသားထုတစ်ရပ်လုံးအတွက် ရတက်မအေးခဲ့တဲ့ တမန်တော်)။ ငါတို့ မလွဲမသွေတွေ့ကြုံရမဲ့နေ့ကို မင်း ကြောက်ရွံ့စမ်းပါ။
ငါတို့တွေ အားလုံးကို ငါတို့ရဲ့ ဖန်ဆင်းရှင်ရဲ့ ရှေ့တော်မှောက်ကို ခေါ်ဆောင်လာခြင်း ခံရတဲ့အခါ ဘာတွေဖြစ်မယ်ဆိုတာ မတွေးဝံ့စရာဘဲ။
အဲဒီနေ့မှာ သင်တို့ကို ကူညီဖို့ မိတ်ဆွေနဲ့ ဆွေးမျိုးသားချင်းလဲ ရှိမှာ မဟုတ်ဘူး။
အဲဒီနေ့မှာ လူတွေဟာ မူးဝေပြီး ရူးသွပ်နေတဲ့သူတွေလို ရောက်ရှိလာကြလိမ့်မယ်။
ဒါဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ဘေးဆိုးကြီးပါ။
နေဟာ ငါ့ရဲ့ မျက်နှာနားကို နီးလာပြီး၊ ၎င်းနေရဲ့ ဆွဲငင်မှုကနေ ငါ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။
လူသားတွေ အားလုံး အာဒမ်၊ နူးဟ်၊ မူစာနဲ့ အီဗရာဟင်မ်စတဲ့ တမန်တော်ကြီးတွေထံပါး ပြေးလွှား သွားရောက်ကြလိမ့်မယ်။
အဲဒီလိုနဲ့ နောက်ဆုံးမှာ ယေရှုခရစ်ဆီကို ရောက်သွားကြလိမ့်မယ်။ ယေရှုသခင်က အဲဒီသူတွေကို ပြောမယ်။ ကျုပ်ဟာ ကိုးကွယ်ရာအရှင်က ကျုပ်နဲ့ပတ်သက်ပြီး မနှစ်မြို့၊ မကျေနပ်ဖြစ်မှာကို အရမ်းကြောက်နေတယ်။
ခရစ်ယာန်တွေဟာ ငါ့ကို သူတို့ရဲ့ ကိုးကွယ်ရာအရှင်အဖြစ် သတ်မှတ်ကိုးကွယ်ခဲ့လို့ပဲ။ ငါတောင် ဘယ်လို စီရင်ဆုံးဖြတ်ခင်းခံရမလဲဆိုတာ မသိဘူး။
သင်တို့တွေ မုဟမ္မဒ်(အလ္လာဟ်အရှင်မြတ်၏ထံပါးမှ သခင့်အပေါ် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်တော်မူပါစေ) ထံပါးကို သွားကြပါ။
မုဟမ္မဒ်သခင်ဟာ သူ့ရဲ့ ကိုးကွယ်ရာအရှင်ရဲ့ ရှေ့တော်မှောက်မှာ ပျပ်ဝပ်ဦးချပြီး လူသားတွေအဖို့ အသနားခံ ကြားဝင်လျှောက်ထားပေးမယ်။
သခင့်ရဲ့ အရှင်မြတ်က သခင့်ကို စကားပြောခွင့် ချီးမြှင့်မယ်။ သခင်ဟာ သူ့ရဲ့ ဦးခေါင်းကို ဒီလို လျှောက်ထားမပြီးသရွေ့ မော့မှာ မဟုတ်ဘူး။
မုအ်မင်န်သက်ဝင်ယုံကြည်သူတိုင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။
အကယ်၍ အဲဒီသူရဲ့ နှလုံးသားထဲမှာ မုန့်ညင်းစေ့ခန့် အီမာန်ရှိနေရင်လဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။
ဒါကြောင့် သင်ဟာ ကျုပ် ဘာကြောင့် သခင့်ကို ကျုပ်ကိုကျုပ် ချစ်တာထက်ပိုပြီး ချစ်ရတာလဲလို့ ထပ်ပြီး မေးမနေနဲ့။
မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်)