သတင်းကို လှုပ်ရှားမှုအသွင် ပြောင်းလဲပုံကို လူ့အခွင့်အရေး လှုပ်ရှားသူ ၅၀ ကို မေးမြန်းခဲ့ကြတယ်။
သတင်း လှုပ်ရှားမှုအကြောင်း သူတို့ နားလည်တဲ့ ပုံစံကို မေးမြန်းခဲ့ကြတယ်။
သတင်း လှုပ်ရှားမှုဆိုတာ နည်းပညာကို အသုံးချနိုင်ပြီး၊
လူထုပါဝင်တဲ့ ဒီမိုကရေစီ နည်းလမ်းတွေနဲ့ အချက်အလက်တွေကို
ဖန်တီးပြီး ဖြန့်ဖြူးနိုင်အောင် နည်းပညာကို အသုံးပြုတာ ဖြစ်တယ်။
လူထုဆီ သတင်းတွေ ပေးခြင်းဖြင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်တယ်။
လူထု အသိုင်းအ၀ိုင်းတွေကို စည်းရုံးပြီး စိတ်ဓါတ် တက်ကြွမှု ပေးနိုင်တယ်။
ဘာမှ မတတ်နိုင်တော့ဘူး ထင်တဲ့ နောက်ဆုံး အခြေအနေမှာတောင်
မျှော်လင့်ချက်တွေ ရှိလာအောင် ကူညီ လုပ်ဆောင်ပေးတယ်။
ဆက်သွယ်ရေးနဲ့ လုပ်ငန်း ဆောင်ရွတ်တဲ့ နေရာတွေမှာ
နောက်ဆုံးပေါ် ကိရိယာတွေကို မသုံးစွဲခဲ့ဖူးတဲ့ သူတွေကတောင်
အခုအခါမှာတော့ အံ့သြရလောက်အောင် အသုံးပြုတတ်နေကြပါပြီ။
အင်တာနက်နဲ့ လက်ကိုင်ဖုန်းတွေကို အသုံးပြုပြီး သတင်းတွေကို အလျင်အမြန် ဖြန့်ဖြူးနိုင်တဲ့
စွမ်းဆောင်ရည်မြင့်တဲ့ ပစ္စည်းကိရိယာတွေ ကျွန်ပ်တို့ဆီမှာ ရှိနေပါပြီ။
ဖျော်ဖြေရေး သတင်းတွေဟာ ပိုလို့တောင် ပျံ့နှံ့ဖို့ လွယ်ကူတယ်။
လူထု ပါဝင်မှုကို အလေးထားရမယ်။ ပူးပေါင်း လုပ်ဆောင်မှု ရှိရမယ်။
ဆက်သွယ်ရေး ကိရိယာမျိုးစုံကို နည်းလမ်းတကျ အသုံးပြုနိုင်ရမယ်။
ဒါဟာ အင်တာနက်ကြောင့် ပေါ်လာတဲ့ မီဒီယာအသစ်တွေရဲ. အခင်းအကျင်းတွေကို
အသုံးပြုတာပဲဖြစ်ပါတယ်။
ဗီဒီယိုပဲဖြစ်ဖြစ် အွန်လိုင်းစာစောင်လို ပုံစံမျိုးပဲဖြစ်ဖြစ်
အရင်မီဒီယာတွေထက်တောင် ကုန်ကျစားရိတ် သက်သာပါသေးတယ်
နောက်ပြီး အဲဒါဟာ ရနိုင်သမျှ အခွင့်အလမ်း အသစ်တွေကို
ပုံစံဟောင်း လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် သုံးတာလဲ ဖြစ်ပါတယ်။
ဆွဲဆောင်မှု
တီထွင်ကြံဆမှု
အပြန်အလှန် တုံ့ပြန်မှု
ဆော်သြစည်းရုံးမှု
လူထုနှင့် ဆက်သွယ်မှု
ပူးပေါင်းပါဝင်မှု
ရယူသုံးစွဲနိုင်မှု
စိတ်ဓါတ်တက်ကြွမှု
အချင်းချင်း ဝေမျှမှု
ပူးပေါင်း ဆောင်ရွတ်မှု
လက်တွေ့ လုပ်ဆောင်မှု
ပြုပြင်ပြောင်းလဲမှု
နည်းနာ ၁ဝ ခု
သတင်းအချက်အလက်တွေကို အပြောင်းအလဲအတွက် သုံးကြမယ်
Tactical Technology Collective မှ တင်ဆက်သော ရုပ်ရှင်
Tactical Technology Collective မှ တင်ဆက်သော ရုပ်ရှင်
သတင်းအချက်အလက်ဟာ စွမ်းအားပါ။
ဒီစွမ်းအားက လှုံ.ဆော်ပေးနိုင်တယ်၊ ဘ၀တွေကို တိုးတက်စေတယ်
မတရားမှုတွေ ခြစားမှုတွေကို ဖော်ထုတ်နိုင်တယ်။
ပြီးတော့ သတင်းတွေကို ထိထိရောက်ရောက်သုံးပြီး
တရားမျှတမှုအတွက် တိုက်ပွဲဝင်နိုင်တယ်။
သတင်းအချက်အလက်တွေကို အပြောင်းအလဲအတွက် အဓိကတွန်းအားအဖြစ်သုံးရင်
သတင်းနည်းပညာလှုပ်ရှားမှုဖြစ်လာပါတယ်။
အချက်အလက်တွေဟာ အပြောင်းအလဲအတွက် တွန်းအားဖြစ်လာတာမျိုးပေါ့။
ဒီလှုပ်ရှားမှုဟာ အချက်အလက်တွေနဲ. ဆက်သွယ်ရေးကိရိယာတွေကို
အပြောင်းအလဲအတွက်သုံးတာ။
လိုအပ်တဲ့ နည်းနာ ၁ဝ ခုက ဒီမှာပါ ...
သတင်းတွေကို လှုပ်ရှားမှုအဖြစ် ပြောင်းလဲဖို.အတွက်
ကမ္ဘာတစ်လွှားက အောင်မြင်တဲ့ ကမ်ပိန်းတွေမှာ ဒီနည်းတွေကို သုံးခဲ့တယ်။
နည်းနာ ၁ဝ ခု ရှိပါတယ်။
ဒီဆယ်နည်းက အချက်အလက်တွေကနေ လှုပ်ရှားမှု ဖြစ်လာစေလိမ့်မယ်။
အရေးပါတဲ့ ကိစ္စတွေမှာ လူတွေပါဝင်လှုပ်ရှားလာဖို.ဆိုတာ အားကောင်းတဲ့ သတင်းစကား၊
ရှင်းလင်းတဲ့ ပန်းတိုင်နဲ. ပြီးပြည့်စုံတဲ့ လမ်းစဉ်တွေ လိုအပ်ပါတယ်။
လူတွေ အတူစုရုံးပြီး တစ်ခုခု လုပ်လာဖို. တွန်းအားပေးတဲ့ စွမ်းအားမျိုး
ဗီဒီယိုတွေမှာရှိတယ်။
ကျမတို. လူထုကြားမှာ ဗီဒီယိုသင်တန်းတွေ ပေးခဲ့တယ်။
အဲဒီသင်တန်းတွေထဲက တစ်ခုမှာဆိုရင် ခေတ်နောက်ကျနေတဲ့
“ဂူဂျုရက်” လို.ခေါ်တဲ့ နေရာတစ်ခုက မြေယာအခွင့်အရေး အကြောင်း ရုပ်ရှင်တစ်ခု ဖန်တီးခဲ့တယ်။
ရလာဒ်ကတော့ မြေယာအခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေ ပေါ်လာတာပဲ။
ဒီရုပ်ရှင်ထဲက တောင်းဆိုမှုကတော့
သူတို.အခွင့်အရေးတွေအတွက် ရဲရဲရပ်ပြီး မြေယာတောင်းဆိုဖို.ပါ။
ဗီဒီယိုတွေဟာ အကောင်းဆုံးလက်နက်ပဲ။ ဘာေ့ကြာင့်လဲဆိုတော့ အခြေခံလူတန်းစားတွေမှာ
အင်တာနက်လို တခြား အဆင့်မြင့် နည်းပညာတွေကို မသုံးတတ်ကြလို.ဖြစ်ပါတယ်။
ဒီလိုအနေအထားမှာ ဗီဒီယိုတွေဟာ လူထုထဲ ပျံ.နှံ.ဖို.
အကောင်းဆုံး ကြားခံဖြစ်လာပါတယ်။
ဘာကြောင့်လဲဆိုတော့ အဖြစ်အပျက်တွေကို ကိုယ်တိုင်မြင်တွေ.ရပြီး
တကယ့် ရလာဒ်တွေကို ဖန်တီးပေးလို.ပါ။
ကျေးရွာပေါင်း ၂၅ ရွာမှာ ဒီရုပ်ရှင်ကို ပြသအပြီးမှာတော့
လူ ၇၀၀ လောက်လမ်းပေါ်ထွက်လာပါတယ်။
ပြီးတော့ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးတွေကိုသွားပြီး သူတို.မြေယာခွဲဝေချထားခြင်း
မခံရဘူးဆိုတာကို တိုင်ကြားကြတယ်။
တိုင်ကြားးမှုတွေ မပြီးပြတ်သေးပေမယ့် လူ ၇၀၀ လမ်းပေါ်ထွက်လာတဲ့ကိစ္စဟာ
ကြီးမားတဲအော့င်မြင်မှု ဖြစ်ပါတယ်။
ပြီးတော့ ကျွန်မတို. လုပ်ဆောင်ခဲ့သမျှရဲ. အသီးအပွင့်တစ်ခု ဖြစ်ပါတယ်။
အင်တာနက်ပေါ်က Social Network Website တွေကို
လိုအပ်ချက်နဲ. ရည်မှန်းချက်တူညီကြတဲ့
လူအချင်းချင်း စုစည်းနိုင်တဲ့ နေရာတစ်ခုအဖြစ် သုံးလို.ရတယ်။
Rebecca Saabe Saade ဟာ လက်ဘနွန်နိုင်ငံက လိင်တူနှစ်သက်သူများ
အခွင့်အရေးတိုက်ပွဲမှာ Facebook ကို အသုံးချခဲ့ပါတယ်။
Facebook ဟာ လက်ဘနွန်နိုင်ငံမှာ အရမ်းလူသိများတာကြောင့်
ခွဲခြားဆက်ဆံမှုတွေ လူမှုရေးဖိစီးမှုတွေ
ခါးစည်းခံနေရတဲ့ လူပေါင်းများစွာကို Rebecca ရဲ. အဖွဲ.အစည်းနဲ.
ချိတ်ဆက်မိစေခဲ့ပါတယ်။
ဒါပေမယ့် Facebook လို လူသိများတဲ့ လူမှုရေးကွန်ယက်တွေကို သုံးရတာ
ဆိုးကျိုးသက်ရောက်မှုတွေလဲ ရှိပါတယ်။
အသိုင်းအ၀ိုင်းရဲ. အပယ်ခံတွေနဲ. အလုပ်လုပ်ရတဲ့အခါ ကျမတို. တခြားနည်းကို သုံးရပါတယ်။
လူမှုရေးပြသနာဖြစ်တာကြောင့် စကားထွက်ပြောတဲ့သူအတွက် ပြသနာရှိလို.ပါ။
ဒါေ့ကြာင့် ကျမတို.ဟာ ၀ါဝင်သူတွေရဲ. လုံခြုံရေးကို မထိခိုက်စေဘဲ
လက်ဘနွန်ရဲ. နာမည်ကျော် လူမှုရေးကွန်ယက်ကို သုံးဖို. နည်းလမ်းရှာခဲ့ရပါတယ်။
ကျမတို. အရင်ဆုံး လူသိပ်မလာတဲ့ profile တစ်ခု ဆောက်လိုက်ပါတယ်။
အဲဒိထဲမှာ ဘယ်သူမှ မရှိပါဘူး။ လိုဂို၊ အဖွဲ.နာမည်၊ နိုင်ငံနဲ.
ကျမတို.အလုပ်အကြောင်း နည်းနည်းပါးပါးရေးထားလေးတွေပဲ ရှိပါတယ်။
လိင်တူနှစ်သက်သူတွေနဲ.ဆိုင်တာတွေပေါ့။
ဒီပရိုဖိုင်းက အမှန်တော့ အသိမိတ်ဆွေ ရှာတာထက် အများကြီး ပိုပါတယ်။
လက်ဘနွန်က လိင်တူချင်းနှစ်သက်မှုကြောင့် အပယ်ခံ ထားရတဲ့ မိန်းကလေးတွေ အကူအညီ လိုချင်ရင်
ကျမတို. Website ကို လာနိုင်ဖို.ပါပဲ။ ပရိုဖိုင်းမှာ link ပေးထားတယ်လေ။
နေရာတော်တော်များများမှာ ကျမတို. Profile တွေ ရှိပါတယ်။ ဒါကိုပြောချင်တာပဲ။ အဓိကက
ကျမတို. Website ကိုလာအောင် လူသိများတဲနေ့ရာတွေမှာ ကြေငြာတယ် ဒါပါပဲ။
တကယ်တော့ အရမ်းနှိပ်ကွပ်ခံရတဲ့ လူတွေနဲ. အလုပ် လုပ်ရလေလေ
Facebook ပေါ်မှာ privacy မရှိဘူး ဆိုတာကို သတိထားရလေပါပဲ။
ဘယ်လောက်ပဲ သတိထားထား လုံခြုံမှု လုံးဝ မရှိတဲနေ့ရာပါ။
ဒါေ့ကြာင့် ကျမတို. ဥပမာ Group တစ်ခု စထောင်ပြီဆိုရင် ဖြစ်နိုင်ချေရှိတာက ၀င်လာတဲ့ မိန်းကလေး
အများစုက လိင်တူနှစ်သက်သူတွေလို. ၀န်ခံသလိုပါပဲ။
အဲဒိတော့ အချင်းချင်း သိစရာ မလိုအောင်
ဆန်းသစ်တဲ့ နည်းလမ်းတွေကို သုံးရပါတယ်။
India နိုင်ငံက Pink Chaddi Campaign ဟာဆိုရင်
Facebook ရဲ. အကောင်းအဆိုးကို တော်တော်ပြနိုင်ခဲ့တယ်။
Chaddi ဟာ ဟင်ဒီစကားနဲ. အတွင်းခံ ပါ။
Pink Chaddi လှုပ်ရှားမှုဟာ Sri Ram Sena လို.ခေါ်တဲ့ လက်ယာနိုင်ငံရေးအဖွဲ.က
အရက်ရောင်းတဲ့နေရာကို သွားမိတဲ့ အမျိုးသမီးတွေကို တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်ကို
တုံ.ပြန်ဖို. စတင်ခဲ့တာ ဖြစ်တယ်။
Pink Chaddi အဖွဲ.ဟာ သုံးရက်အတွက် လူသောင်းခြောက်ထောင်ကို
အဖွဲ.နဲ. ပူးပေါင်းဖို. လှုံ.ဆော်နိုင်ခဲ့ပြီး
လအနည်းငယ်အတွင်းမှာ အဖွဲ.၀င် ငါးသောင်းကျော် ဖြစ်လာပါတယ်။
ထိတ်လန်.ဖွယ်စာရိတ္တကြပ်မတ်ရေးလုပ်ငန်းတစ်ခုမှာ
တာဝန်ယူရသူတွေဟာ စားသောက်ဆိုင်ထဲကမိန်းကလေးတွေကို အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
ဒီရုပ်ပုံတွေကို နိုင်ငံအနှံ.က ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်
မိန်းမအများစုအပြင် လူတော်တော်များများဟာ Ram Sena ရဲ. အမျိုးသမီးတွေအပေါ် ဆက်ဆံပုံကို
ဒေါသထွက်ခဲ့ကြတယ်။
ဒီတော့ အင်တာနက်သုံးတဲ့ လူတွေကြားမှာ ဒေါသတွေ ပေါက်ကွဲမှုတွေအတွက် တစ်ခုခုလုပ်ဖို.
တွန်းအားတွေရလာကြတာပေါ့
လှုပ်ရှားမှုတွေထဲက တစ်ခုကတော့ Pramod Muthalik ဆီကို ပန်းရောင် အတွင်းခံတွေ ပို.ပေးတာပါပဲ။
သတင်းဌာနတွေကလဲ ဒီအဖြစ်အပျက်ကို ဦးစားပေးဖော်ပြခဲ့တယ်
ကျမတို. လုပ်ဆောင်ချက်ကို တန်ပြန်ဖို. ပထမပိုင်း လုပ်တာတစ်ခုကတော့ သူက ပန်းရောင် ဆာရီတွေ
ပြန်ပို.ပေးမယ်ဆိုတာပါပဲ။ နာမ်နှိမ်တဲ့ သဘောပါတဲ့ အတွင်းခံတွေကို
သန်.စင်တဲ့ ဆာရီနဲ. တန်ပြန်တဲ့သဘောပဲပါ။
Pink Chaddi campaign ဟာ ကျမအမြင်မှာတော့ တော်တော်အောင်မြင်ခဲ့ပါတယ်
ဘာေ့ကြာင့်လဲဆိုတော့ သာမန်လူတွေနဲ. ဟင်ဒီလက်ယာသမားတွေကြားက မဖြစ်နိုင်လောက်တဲ့
တွေ.ဆုံစကားပြောရေး ဖြစ်လာမယ့် အခြေအနေကို
ဖန်တီးပေးနိုင်ခဲ့လို.ပါပဲ။
ဒါဟာအကြမ်းမဖက် တုံ.ပြန်မှုဖြစ်ပြီး ဒါဟာ
ကမ်ပိန်းမှာ ပါဝင်သူတွေကို ရိုက်နှက်တာမျိုး မဟုတ်ခဲ့ပါဘူး။
ဒါလိုအကြမ်းဖက်ဖြေရှင်းတာတွေဟာ အရင်ကတော့ အမြဲဖြစ်နေကျပါပဲ။
အင်တာနက်လှုပ်ရှားမှုကနေ လျို.၀ှက်လှုပ်ရှားမှု တစ်ခု ဖြစ်လာဖို.အတွက်
လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။
ပြသနာတစ်ခုက Facebook ကို သုံးထားလို.ပါ။
နောက်တစ်ချက်က သင့် group မှာ လူငါးထောင်ကျော်လာတာနဲ. Facebook က
သင့်ကို သူတို.ဆီ message ပို.ခွင့်မပေးတော့ပါဘူး။
ဘယ်အချိန်မှာ လူငါးထောင် ကျော်သွားမလဲဆိုတာ မသိတဲ့အတွက်
ကျမတို.ဟာ group အဖွဲ.၀င်တွေနဲ. ဘယ်အချိန်မှာ အဆက်အသွယ် ပြတ်သွားမလဲဆိုတာ မသိတော့ပါဘူး။
အဲဒိအချိန်မှာ လုပ်လို.ရသမျှကတော့ Discussion boards တွေနဲ. Wall ပေါ်က status တွေပါ။
လူတိုင်းကို တိုက်ရိုက်ဆက်သွယ်ဖို.တော့ သိပ်မထိရောက်လှပါဘူး။
သိပ်မကြာခင်မှာပဲ Pink Chaddi ကမ်ပိန်းလှုပ်ရှားသူတွေဟာ
Facebook ရဲ. တခြားဆိုးကျိုးတွေကိုလဲ ခံစားလာရပါတယ်။
အဖွဲ.ရဲ.အကောင့် ကို hack လုပ်ခံရပါတယ်။ လူတွေကိုဖော်ထုတ်ခံရတယ်။
အဲဒိနောက်မှာ အက်ဒမင်ကိုပို.တဲ့ စာတွေကြောင့် အဖွဲ.ရဲ. page ကို ဖျက်သိမ်းခံရတယ်။
အဖွဲ.ရဲ. page ကို ပြန်ဖွင့်ပေးဖို. Facebook ကို တောင်းဆိုမှုပေါင်းများစွာ လုပ်ပေမယ့်
လပေါင်းများစွာကြာတဲ့အထိ ထူးခြားမလာခဲ့ပါဘူး။
ဒီအတွေ.အကြုံတွေက အင်တာနက်ကို အသုံးပြုတဲ့ လှုပ်ရှားမှုတွေမှာ
ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေနဲ. အခွင့်အလမ်းတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
ရုပ်သံရိုက်ကူးရေးစက်တွေဟာ အရင်ကထက် အရွယ်အစားသေးပြီး
ဈေးပိုပေါလာတဲ့အတွက် လူတွေဟာ မတရားမှုတွေ ဖြစ်ခဲ့ရင် မှတ်တမ်းတင်လာကြတယ်။
မတရားမှုတွေကို မီးမောင်းထိုးပြဖို.နဲ.
အရေးယူဆောင်ရွက်လာဖို. လုပ်ဆောင်တဲနေ့ရာမှာ
မတရားမှုတွေကို မှတ်တမ်းတင်ရေးနဲ. ပြန်လည်တင်ပြနိုင်ရေးဟာ
အရမ်းအရေးကြီးပါတယ်။
ဗီဒီယိုတွေမှာ မျက်မြင်သက်သေခံနိုင်တဲ့ စွမ်းအားရှိတယ်။
လူ.အခွင့်အရေး ချိုးဖောက်မှုတွေလို အခြေအနေမျိုးမှာ
ဘယ်လိုတွေ.ကြုံရသလဲဆိုတာ ကောင်းကောင်း ပြန်တင်ပြနိုင်တယ်။
စိတ်လှုပ်ရှားစရာ အချက်က လူတွေမှာ အခုဆိုရင်
သူတို.တွေ.ကြုံရတဲ့ အဖြစ်မှန်တွေကို မှတ်တမ်းတင်နိုင်တဲ့
မိုဘိုင်းလ်ဖုန်းတွေ ရှိနေပြီ။ ဒီတော့ အဖြစ်အပျက်တွေကို ပြောနိုင်တာ
အရင်လို လူနည်းစုလေးပဲ မဟုတ်တော့ပါဘူး။ လူတိုင်း မျက်မြင်သက်သေ ဖြစ်ခွင့်ရှိပါပြီ။
စောင့်ကြည့် မှတ်တမ်းတင်ပါ။ ထုတ်လွှင့်ပါ။ ဖော်ထုတ်ပါ။
ဒါဟာ Targuist Sniper သုံးခဲ့တဲ့ နည်းဗျုဟာပါပဲ။
သူက ယာဉ်မောင်းတွေဆီက ငွေညှစ်တဲ့ ရဲအရာရှိတွေကို
မှတ်တမ်းတင်ခဲ့တဲ့ ဘယ်သူဘယ်ဝါ မသိရတဲ့ ဗီဒီယိုသမား တစ်ယောက်ပါ။
သူဟာ ရဲသားတွေကို အချိန်တွေ နေရာတွေ အမျိုးမျိုးခွဲပြီး မှတ်တမ်းတင်ခဲ့တယ်။
လုပ်တဲ့အလုပ်ကတော့ ဒီတစ်ခုပဲ။
သူဟာ ရွာငယ်တွေက လမ်းတွေပေါ်မှာ မတရားအနိုင်ကျင့်နေတဲ့ ရဲသား
၁၀ ယောက် ၁၅ ယောက်ကို မှတ်တမ်းတင်ခဲ့တယ်။
ပြီးတော့ youtube ပေါ်တင်လိုက်တယ်။ ပထမပိုင်း ဒုတိယပိုင်း တတိယပိုင်း စသည်ဖြင့်ပေါ့။
သိန်းပေါင်းများစွာသောလူတွေ ဒီဗီဒီယိုတွေကို ကြည့်ရှုအပြီးမှာတော့
သူတို.ဟာ ဒီလူတွေကို ထောင်ချဖို. အစိုးရကို အရေးဆိုကြတယ်။
ပြီးတော့ လမ်းတွေပေါ်မှာ ကင်မရာတွေ ဖွက်ထားပြီး ရဲသားတွေကို စောင့်ကြည်ဖို.
အစိုးရကို ဖိအားပေးလာတယ်။ တကယ်တော့ ဒီတောင်းဆိုမှု နည်းလမ်းဟာ
Targuist Sniper သုံးခဲ့တဲ့ နည်းနဲ. တစ်ထပ်တည်းပါပဲ။
အခြားကိစ္စတစ်ခုဖြစ်တဲ့
မြန်မာပြည် အရေးမှာဆိုရင် မတရားမှုတွေကို ပြည်သူတွေက မှတ်တမ်းတင်ခဲ့ပေမယ့်
စစ်အစိုးရကို စိတ်ပြောင်းဖို. မတတ်နိုင်ခဲ့ဘူး။
ဒါပေမယ့် blogger တွေက အတွေ.အကြုံတွေကို မှတ်တမ်းတင် ထုတ်လွှင့်နိုင်မှုကြောင့်
မြန်မာ့အရေးဟာ ကမ္ဘာမှ စိတ်ဝင်စားစရာ ဖြစ်လာပြီး
ဖြစ်ပေါ်နေတဲ့ လူ.အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း နိုင်ငံတကာကို လှုံ.ဆော်ပေးနိုင်ခဲ့ပါတယ်။
ဒီနေ. မြန်မာပြည်မှာ အားလုံးကို ထိမ်းချုပ်ထားတယ်။
အထူးသဖြင့် အီးမေးလ်နဲ. အင်တာနက်သုံးတာတွေပေါ့။
ဒါပေမယ့် မြန်မာပြည်မှာ ဘလောတွေ့ ခေတ်စားပါတယ်။
အဲဒိကတစ်ဆင့် သတင်းတွေ၊ ဓာတ်ပုံတွေ တင်ပြီး ဝေမျှကြတယ်။
တစ်ကမ္ဘာလုံးကလူတွေဟာ မြန်မာပြည်မှာ ဘာဖြစ်နေလဲဆိုတာကို အဲဒိကတစ်ဆင့် မြင်နေရတယ်။
ဘလောတွေ့နဲ. ရုပ်သံမှတ်တမ်းတင်ကိရိယာတွေဟာ ရွှေဝါရောင်တော်လှန်ရေးလို.
အများသိကြတဲ့ လှုပ်ရှားမှု ဖြစ်လာတဲ့အခါ အရမ်းအရေးပါလာခဲ့တယ်။
စစ်တပ်ရဲ. ဖိနှိပ်မှုတွေ ပြင်းထန်ဆိုးရွားလာမှုနဲ. စီးပွားရေးကျပ်တည်းမှုတွေကြောင့် မြန်မာပြည်သူတွေ
လမ်းပေါ်ထွက် ဆန္ဒပြတဲ့အခါ လက်နက်နဲ. အကြမ်းဖက်ဖြိုခွဲတာတွေလဲ ဖြစ်လာပါတယ်။
သင်္ဃန်းဝတ်ရုံတွေနဲ. သံဃာတော်တွေ သီလရှင်တွေ စီတန်းဆန္ဒပြတဲ့ ရုပ်ပုံတွေဟာ
အင်တာနက်ပေါ် ရောက်လာပြီး မီဒီယာကြီးတွေကတောင် ရယူဖော်ပြခဲ့ကြရတယ်
ဒီလိုလုပ်ဆောင်ချက်တွေ အရမ်းထိရောက်လာတဲ့ အခါမှာတော့
စစ်အစိုးရဟာ အင်တာနက်နဲ. မိုဘိုင်းလ် ဖုန်းလိုင်းတွေကို
ယာယီဖြတ်တောက်ခဲ့ရတယ်။
အာဏာပိုင်တွေက ဒီလိုလုပ်ခဲပေ့မယ့် ဈေးပေါတဲ့ သာမန်ကင်မရာလေးတွေဟာ
အရေးအကြောင်း ကြုံလာတဲ့ ခဏမှာ
ပြင်ပကမ္ဘာကို သတင်းနဲ. ရုပ်ပုံတွေရောက်လာဖို. အားထားရတဲ့
လက်နက်ကောင်းတွေ ဖြစ်လာတယ်။
လူတွေဟာ အဖြစ်အပျက်တွေကို သူတို. မျက်စိရှေ.မှာ မြင်တွေ.ရတဲ့ အခါ
ကင်မရာဆွဲပြီး ရိုက်ကြတော့တာပါပဲ။
ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ. ရသမျှ အထောက်အထား မှန်သမျှကို blog တွေပေါ် တင်တော့တာပဲ။
ဒါဟာ တကယ်တော့ အောင်မြင်မှုလို. ပြောလို. ရပါတယ်။
သို.သော် ဖိနှိပ်လွန်းတဲ့ အစိုးရအောက်မှာ အင်တာနက်ပေါ်က သတင်းတိုက်ပွဲကို
လမ်းပေါ်က လူထုတိုက်ပွဲဖြစ်အောင်လုပ်ဖို. မလွယ်လှပါဘူး။
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ဘလော့ဂါတွေဟာဆိုရင်
သူတို. လုပ်ဆောင်ချက်တွေအတွက် အများကြီး ပေးဆပ်ခဲ့ရပါတယ်။
လူတော်တော်များများ အကျဉ်းချ ခံခဲ့ရပြီး တချို.ဟာ နှစ် ၅၀ လောက် ပြစ်ဒဏ်ကျခဲ့ပါတယ်။
ဒါဟာ လူ.အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်မယ့်
အင်တာနက်စာမျက်နှာပေါ်က လှုပ်ရှားသူတွေအတွက်
ထည့်စဉ်းစားရမယ့် အကျိုးဆက်တွေကို ဖော်ပြလိုက်သလိုပါပဲ။
လူ.အခွင့်အရေး ချိုးဖောက်ခံရသူတွေဟာ အရမ်းကို ထိခိုက်ခံစားခဲ့ရသူတွေ ဖြစ်ပါတယ်။
ဒါေ့ကြာင့် သူတို.အကြောင်း တင်ပြတဲ့အခါမှာ ထပ်ပြီး ညှိုးငယ်အားနည်းသွားအောင် မလုပ်မိဖို. အရေးကြီးပါတယ်။
တနည်းအားဖြင့် ဒီအရုပ်တွေကို ဘယ်သူတွေကို ကြည့်စေချင်တာလဲဆိုတာကို သိအောင်လုပ်ထားဖို.ပါပဲ။
ကိုယ်လွှင့်တင်လိုက်တဲ့ ရုပ်ပုံတစ်ခုဟာ ကော်ပီကူးလို. ရတယ်။
youtubeလို နေရာမျိုးကတစ်ဆင့် မတရားမှုအတွက် တာဝန်ရှိသူတွေ လက်ထဲကိုလဲ
ရောက်သွားနိုင်တယ်ဆိုတာကို သိထားရမယ်။
ဒါေ့ကြာင့် ကိုယ့်ကို စကားပြောလာမယ့်လူတွေကို အဆိုးဆုံးဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အသိပေးပြီး
သူတို.ဘယ်လောက် ပြောပြချင်လဲ ဘာတွေပြောပြနိုင်လဲဆိုတာ
ကိုယ်တိုင်ဆုံးဖြတ်ခိုင်းတာဟာ အကောင်းဆုံးဖြစ်တယ်။
လူကို မမှတ်မိအောင် အရုပ် ဒါမှမဟုတ် အသံကို ဖျက်လို. ရမလား စဉ်းစားရမယ်။
အခုခေတ်ကာလမှာ သတင်းနဲ. လှုပ်ရှားသူတွေအတွက် အဓိက စိန်ခေါ်မှုက
တက်ကြွတဲ့ လူ.အခွင့်အရေးသမားတွေကို ဗီဒီယိုတွေနဲ. ကူညီနေချိန်မှာ
ဒီလုပ်ဆောင်ချက်တွေ လူတွေကြားထဲ ပျံ.ဖို. ဘယ်လောက်အရေးကြီးတယ်ဆိုတာ
နားလည်ဖို.နဲ. အခြားတစ်ဖက်ကလဲ လူတွေကို ပိုပြီး ဒုက္ခရောက်အောင်
တွန်းပို.မိတာမျိုး မဖြစ်ဖို.လိုတယ်ဆိုတာကို
နားလည်ဖို.။ လူ.အခွင့်အရေး ဆုံးရှုံးရသူတွေကို ထပ်ပြီး ထိခိုက်အောင် မလုပ်မိဖို.ပါပဲ။
ဖုန်းကင်မရာတွေ ဘလော့တွေ ဗီဒီယိုနဲ. အင်တာနက်လိုင်းစာမျက်နှာတွေဟာ
သတင်းနဲ. တိုက်ပွဲဝင်သူတွေအတွက် အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင်ဖော်ပြပြီး
လှုပ်ရှားမှုကို အရေးယူဆောင်ရွက်လာအောင် ပံ့ပို.ဖို.ပါပဲ။
ဒါပေမယ့် ဥပမာပေးခဲ့သလိုပါပဲ။ လူတွေရဲ. လုံခြုံရေးနဲ. ပါဝင်ပက်သတ်သူတွေကို အန္တရာယ်
မကျစေရေးတို.ဟာ အရေးတယူ ထည့်စဉ်းစားရမယ့် အသည်းအသန် လိုအပ်ချက်တွေပါပဲ။
ပြီးတော့ ဖန်တီးမှုလေးပါမှ ပရိသတ်ကို ဖမ်းစားနိုင်မယ်ဆိုတာ သိရမယ်။
လူတွေကို စကားလုံးတွေ စာသားတွေနဲ. ပစ်ပေါက်တာထက်ကောင်းတဲ့
ပြသနာတစ်ရပ်ကို ပုံဖော်ဖို. နည်းလမ်းပေါင်းများစွာ ရှိပါသေးတယ်။
အန္တရာယ်များတဲ့ ကိစ္စတွေကို ဖော်ပြဖို. ဖန်တီးမှုနဲ. ချဉ်းကပ်ရာမှာ Animation ကို သုံးတာဟာလဲ
နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Animation ဟာ သတင်းဖြန်.ဝေမှု နည်းပညာတွေထဲမှာ
တော်တော်လေး ကောင်းတဲ့တစ်ခုပါပဲ။
အထူးသဖြင့် ပေါက်ကွဲမှုတွေနဲ. အရေးပါတဲ့ နိုင်ငံရေး ကိစ္စတွေလို
သာမန်နည်းလမ်းနဲ. မတင်ပြချင်တဲ့ အခါတွေမှာ
Animation ဟာ တော်တော်လေးကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်ပါတယ်။
ဥပမာ လူမျိုးရေး ဒါမှမဟုတ် လိင်ကွဲပြားမှုနဲ. ဆိုင်တဲ့ သတိထားကိုင်တွယ်ရမယ့်
ကိစ္စတွေမှာ သင်ဟာ တကယ့်လူတွေကို မသုံးဘဲ အရာဝတ္ထု၊ တိရစ္ဆာန် စသဖြင့်
အစားထိုး ဖော်ပြနိုင်တယ်။ ဒါဟာ သမားရိုးကျ ရုပ်ရှင်တွေမှာ
သုံးလို.မရတဲ့ အချက်ကို ဒီနေရာမှာ
လက်တွေ. သုံးလိုက်တာပဲ
Animation ဟာ မျက်လှည့်ပညာ ဆိုရင် အားလုံးဟာ ပရိသတ်တွေပါ။
အသက်မရှိတဲ့ ကာတွန်းရုပ်ကလေးတွေ လှုပ်ရှားစကားပြောနေတာကို
မြင်ရတာ ဘယ်လောက် စိတ်လှုပ်ရှားပြီး စိတ်ဝင်စားစရာ ကောင်းမလဲ စဉ်းစားကြည့်ပေါ့။
ကျမအခုကိုင်ရိုမှာ ပရောဂျက်တစ်ခု လုပ်နေပါတယ်။
The Women and Memory Forum ဆိုတဲ့ အဖွဲ.နဲ.ပါ။
သူတို.က အာရပ်ဒဏ္ဍာရီနဲ.ရိုးရာပုံပြင်တွေကို အမျိုးသမီးအမြင်နဲ. ပြန်ရေးကြတယ်။
ကျမတို.က အဲဒါကိုအခြေခံပြီး
သုံးမိနစ်စာ animation တွေ လုပ်ကြတယ်။
အရှေ.အလယ်ပိုင်းအမျိုးသမီးတွေ ယဉ်ကျေးမှုတွေမှာ ပါဝင်ကိုယ်စားပြုနိုင်ဖို.ပါ။
မြေပုံတွေကတော့ အချက်အလက်ကို မြင်သာစေတဲ့ နောက်တစ်နည်းပါ။
မြေပုံတွေမှာ အချိန်ကန်.သတ်ချက်မရှိဘူး။ ဒီအားသာချက်ကြောင့်လဲ
မြေပုံကို လူတွေကလဲ ပိုယုံကြတယ်။
အစ္စရေးက လဘနွန်ကို ကျူးကျော်တဲ့ ၂၀၀၆နွေမှာ
Samidoun လူ.အခွင့်အရေးအဖွဲ.ဟာ
လူတွေကို ဘာဖြစ်နေသလဲ ပြောပြဖို. မြေပုံတွေကို သုံးခဲ့ကြတယ်။
ကျနော်တို.ဟာ ၂၀၀၆ နွေဦးမှာ မြေပုံနှစ်စုံထက်မနည်း ရေးဆွဲခဲ့ပါတယ်.
အစ္စရေးက လဘနွန်ကို ကျူးကျော်ခဲ့တဲ့ ကာလပေါ့။
အဓိကမြေပုံနှစ်ခုထဲက တစ်ခုက လက်ဘနွန်နိုင်ငံပေါ်ကို နေ.စဉ်ချတဲ့ ဗုံးတွေကို အသေးစိတ်မှတ်တယ်။
အဲဒိတစ်ခုကို နေ.စဉ် update လုပ်တယ်။
နောက်မြေပုံတစ်ခုက ပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေနဲ. အရေးကြီးနေရာတွေကို မှတ်တယ်။
အဲဒိကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့
အဲဒီ သတင်းအချက်အလက် စုဆောင်းမှုတွေကို ဘာအတွက်လုပ်နေရလဲဆိုတာ
တကယ့်ကို မသိခဲ့ပေမယ့် နားလည် သဘောပေါက်ချင်ခဲ့ပါတယ်။
ကျနော်တို. လုပ်ပြီးတဲ့ အလုပ်တွေကို လူထုကြားထဲ ဖြန်.ပြီး မကြာခင်မှာပဲ
အသုံးဝင်မယ့်နေရာတွေကို သိလာတယ်။
လှုပ်ရှားမှုတွေမှာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ. ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာပေါ့။
ကျနော်တို.ပြောချင်တာကို ပြောဖို. နောက်ထပ်မြေပုံတွေ ထပ်ဆွဲစရာ မလိုဘူး။
တူနီးရှားသမ္မတနန်းတော်ကို Google map သုံးပြီး မြေပုံမှာ ရှာမယ်ဆိုရင်
ထင်မထားတဲ့ တချို.အချက်အလက်တွေကို တွေ.ရဖို. များပါတယ်။
Nawaat.org ဆိုတဲ့ blog ကို စုပေါင်းရေးသားခဲ့ကြတဲ့
တူနီးရှားလူမျိုး လှုပ်ရှားသူတွေရဲ. ကျေးဇူးပေါ့။
Nawaat ဟာ youtube မှာ တင်ထားတဲ့
သူတို.ဗီဒီယိုတွေဆီကို လူတွေရောက်လာဖို. geo-tag လို.ခေါ်တဲ့နည်းကို
သုံးလို.ရတယ်ဆိုတဲ့ အတွေ.အကြုံရှိခဲ့ကြပါတယ်။
Geo-Tagging ဆိုတာ ပထ၀ီအချက်အလက်တွေနဲ. နေရာတွေရဲ.
နာမည်ကိုသုံးပြီး youtube ဗီဒီယိုတွေပေါ်မှာ tag လုပ်တာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်တင်ထားတဲ့ အချက်အလက်တွေ ဗီဒီယိုတွေဆီကို
Google map ရဲ. စံနစ်တွေက တစ်ဆင့် လူတွေ ၀င်လာကြပါတယ်။
တူနီးရှန်း လှုပ်ရှားသူတွေ လုပ်ခဲ့တာက ရှင်းပါတယ်။
သူတို.တင်ထားတဲ့ တူနီးရှားက လူ.အခွင့်အရေး ချိုးဖောက်မှုအကြောင်း ဗီဒီယိုတွေကို
ကာသာဂီမှာရှိတဲ့ တူနီးရှား သမ္မတနန်းတော်နားမှာ Tag ထားလိုက်ကြတယ်။
ဒီတော့ google earth က တစ်ဆင့် သမ္မတနန်းတော်ကို ရှာဖွေသူတွေဟာ
အဲဒိအနီးတစ်ဝိုက်မှာ tag ထားတဲ့ လူ.အခွင့်အရေး ချိုးဖောက်မှု ဗီဒီယိုတွေကို တွေ.ပြီပေါ့။
ဒီတော့ တူနီးရှားရဲ. ဆန်.ကျင်ဖက် နှစ်ခုကို
သွားတွေ.ရတယ်။ သမိုင်းပြောင်မြောက်ခဲ့တဲ့ တူနီးရှားရဲ.
တိုးရစ် ဧရိယာရယ် လက်ရှိဖြစ်ပျက်နေတဲ့
တူနီးရှားက လူ.အခွင့်အရေး ချိုးဖောက်မှုတွေရယ်။
မြေပုံနဲ. Animation တွေဟာ လူတွေကို အချက်အလက်တွေ
ဘယ်မှာရှာပြီး ဘယ်လိုနားလည်ရမလဲဆိုတာ ပြောပြဖို. နည်းလမ်းများစွာထဲက နှစ်ခုပါ။
လက်တွေ.မြင်လိုက်ရတဲ့အတွက်
ပုံရိပ်တွေဟာ လူတွေရဲ. မျက်လုံးထဲစိတ်ထဲမှာ စွဲကျန်နေခဲ့ပြီး ဆက်လက် တွေးတောစေတယ်။
လူ.အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ လူတွေစိတ်ရှုပ်ထွေးသွားနိုင်တယ်။
လူတွေရဲ.တစ်ဦးချင်းဇာတ်လမ်းတွေကို အချက်အလက်ကို အခြေခံတဲ့ လှုပ်ရှားမှုမှာသုံးဖို.ဆိုတာ
ဒီလိုကြုံခဲ့ရတာတွေကို လျစ်လျုရှုမခံရဖို. အကောင်းဆုံးနည်းလမ်းပါပဲ။
လူတွေနဲ.ပတ်သက်တဲ့သတင်းကို လှုပ်ရှားမှုမှာ သုံးရပါတယ်။
ဘာ့ကြောင့်လဲ။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူအတွက် လူကိုယ်တိုင်ဟာ နိုင်ငံရေးပဲ။
ကျန်တဲ့သူတွေအတွက် သူတို.ဟာ လူ.အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး
စတာတွေက ဘာတွေလဲလို. ပြောပြပေးတယ်။
ဒီလို လူသားဇာတ်လမ်းတွေကို သုံးခဲ့တဲ့ ဥပမာတစ်ခုက
အမျိုးသမီးအဖွဲ.နှစ်ဖွဲ.ကို သင်တန်းပေးခဲ့တုန်းက အကြောင်းပါ။
တစ်ဖွဲ.က သူတို.ရဲ. လိင်တူချင်းနှစ်သက်တတ်တဲ့စိတ်ကြောင့်
ထိပါးနှောက်ယှက်တာ ခံခဲ့ရသူတွေပါ
အခြားတစ်စုက အိမ်တွင်းအကြမ်းဖက်မှုကို ကြုံတွေ.ဖြတ်သန်းခဲ့ရသူတွေပါ။
ကျနော်တို. အဲဒီဖြစ်ရပ်တွေကို ဒီဗီဒီတစ်ချပ်လုပ်ပြီး
ဒီထဲက ဇာတ်လမ်းမျိုးကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေနဲ.
လူ.အခွင့်အရေးမြှင့်တင်မှု အစီအစဉ်အဖြစ် ဖြန်.ဝေခဲ့ပါတယ်။
ဒီတော့ အပြောင်းအလဲကို လုပ်ဆောင်ဖို. ကြိုးစားနေကြသူတွေအတွက်
အခြား လေ့လာစရာတွေနဲ. ပံ့ပိုးတဲ့နေရာမှာ ဒီဇာတ်လမ်းတွေကို သုံးခဲ့တာပါ။
ကျနော်တို.ဟာ အကြမ်းဖက်မှုတွေ လျှော့ချရာမှာ နားလည်မှု တည်ဆောက်ဖို.အတွက်
ဒီအချက်အလက်တွေက အထောက်အကူပြုမယ်လို. မျှော်လင့်တယ်။
ကျနော်တို. ပြောနေတဲ့ လူ.အသိုင်းအ၀ိုင်းလေးအတွက်
သူတို. အမှန်တကယ် လိုအပ်တာတွေ လုပ်ဆောင်ပေးဖို.
အကူအညီပေးနိုင်ပါလိမ့်မယ်။
ပါးစပ်ပိတ်ခံထားရတဲ့ လူ.အဖွဲ.အစည်းတစ်ခု အနေနဲ.
ဒါဟာ သူတို.ဘယ်သူလဲဆိုတာ အသိပေးစရာမလိုဘဲ စကားလုံးတွေ
အသံတွေကိုသုံးပြီး အလုပ်လုပ်လို. ရတယ်ဆိုတဲ့ ဥပမာပါပဲ။
သူတို.ဟာ သူတို.အသံတွေ အရုပ်တွေ သုံးတဲ့ ကိရိယာတွေနဲ. နောက်ဆုံး
ကွန်ပြူတာတွေကိုတောင် ကိုယ့်ခြေကိုယ်လက် လုပ်ခွင့်ရခဲ့တယ်။
လူ.ဇာတ်လမ်းဆိုတာ နည်းလမ်းအမျိုးမျိုးနဲ. စုစည်းဖော်ပြလို. ရပါတယ်။
အောက်ခြေလူထုရဲ. ဗီဒီယိုဖန်တီးမှုတွေဟာ အပြောင်းအလဲကို ဦးတည်မယ့်
လူတွေရဲ. အတွေ.အကြုံတွေကို တင်ပြနိုင်တယ်။
ကွန်ဂိုရီပတ်ဘလစ်နိုင်ငံထဲကအုပ်စူတစ်စုနဲ့ ကျွန်တော်တို့ အလုပ်လုပ်ဖူးခဲ့တယ်။
ပဋိပက္ခရဲ့ အကျိုးဆက်တစ်ခုကြောင့်လူ၅သန်းလောက်သေခဲ့တဲ့နေရာပေါ့။
အဲဒီမှာ အကြီးဆုံးပြသနာ တစ်ခုကတော့ ခလေးစစ်သားကိစ္စပါ။
လူမျိုးစုအားလုံး စုပေါင်းလုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ဒီအုပ်စုကရှာနေပါတယ်။
သူတို့ ခလေးတွေကို ဘာကြောင့်ခလေးစစ်သားဖြစ်စေခဲ့ရတာလဲဆိုတာ သူတို.့တွေးမိဖို့ ပါ။
့လူထုထဲမှာဆွေးနွေးငြင်းခုံတာတွေပေါ်လာစေမယ့်
မှတ်တမ်းရုပ်ရှင်တစ်ခုလုပ်ဖို့ သူတို့ စဉ်းစားမိခဲ့ကြတယ်။
ကွန်ဂိုအရှေ့ ပိုင်းတစ်ခွင်လုံး ပါဝင်ဆွေးနွေးနိုင်ဖို့ 
အဲဒီဗီဒိယိုကို လူထုတွေထဲမှာ သူတို့  စပြခဲ့တယ်။
ဒါတကယ်ကို အရေးကြီးတယ်လို. ကျွန်တော်ထင်တယ်။ ဘာလို.လဲဆိုတော့
သူတို.ဟာ အကြောင်းအရာကိုပဲ မစဉ်းစားခဲ့ဘဲ သူတို.ပရိသတ်က ဘယ်သူတွေလဲ
ဘာရည်ရွယ်ချက်နဲ. ဘယ်ဇာတ်လမ်းကိုပြောမှာလဲဆိုတာပါ ထည့်စဉ်းစားခဲ့လို.ပါ။
အဲဒီအကြောင်းကိုလူတွေစပြီးစဉ်းစားလာတဲ့အထိအောင်မြင်မှုရအောင်သူတို့ လုပ်နိုင်ခဲ့တယ်။
ပြီးတော့ သူတို့ ကန်ပိန်းကိုအောင်အောင်မြင်မြင်နဲ့ ရှေ့ ဆက်နိုင်ခဲ့တယ်။
ပြီးတော့နည်းစနစ်တစ်ခုရဖို့ သူတို့ လိုအပ်နေတယ်။
အဲဒီအချိန်မှာ ခလေးစစ်သားကိစ္စကို တရားစွဲဆိုဖို့  နိုင်ငံတကာတရားရုံးက စ စဉ်းစားနေပါပီ။
ဒီတော့ နိုင်ငံတကာတရားရုံးကို ဘယ်လိုတွန်းအားပေးနိုင်မလဲလို. သူတို့ တိုင်ပင်ကြတယ်။
ဦးတည်တဲ့ ပရိသတ်က လုံးဝပြောင်းသွားပါတယ်။
သူတို.ဟာ နိုင်ငံတကာတရားရုံးက အဆင့်မြင့်အရာရှိတွေကြည့်နိုင်ဖို.
အတင်းအကြပ် စုဆောင်းခံရတဲ့ ကလေးစစ်သားတွေရဲ. ရုပ်သံတွေပါဝင်တဲ့
ဗီဒီယိုများစွာ ပြုလုပ်ခဲ့ကြပါတယ်။
ပြီးတော့ သူတို.ဟာ ဇာတ်လမ်းပုံစံတစ်မျိုးကို ရွေးခဲ့ကြတယ်။
ဒါဟာ ရှင်းလင်းပြသတဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။ ပိုပြီး ဦးတည်ချက်ရှိတယ်။
ပရိသတ်ကို ပြောပြတာ။
မင်းဒါကို တစ်ခုခုလုပ်ဖို.လိုတယ်။ ဒါလို.လဲဆိုတော့ ဒါ စစ်ရာဇ၀တ်မှု
လူသားဖြစ်မှုအပေါ်ကျုးလွန်တဲ့ ရာဇ၀တ်မှု
ကျနော့်အတွက်တော့ ကာလသုံးပါးမှာ အမှန်တကယ် အောင်မြင်မှုရဖို. မတူညီတဲ့ ပရိသတ်ကို
ဖမ်းစားဖို. လိုတယ်ဆိုရင် သက်ဆိုင်ရာဒေသခံတွေရဲ. အခြေအနေနဲ.
အနီးစပ်ဆုံး တစ်ဦးချင်းအတွေ.အကြုံတွေကို
ဇာတ်လမ်းထဲမှာ ပြောပြဖို. လိုမယ်ထင်တယ်။
Blog တွေဟာ စည်းကမ်းသတ်မှတ်ချက် မထားဘဲ
တစ်ဦးချင်းအမြင်တွေ ယေဘူယျအမြင်တွေကို
ရောနှောတင်ပြနိုင်လို. ထိရောက်တဲ့ ဆက်သွယ်ရေးလက်နက်တွေပါပဲ။
Blank Noise ဆိုတဲ့ စုပေါင်း blog တစ်ခုဟာဆိုရင်
လူတွေကို လက်ရှိဖြစ်နေဆဲ ဖြစ်ရပ်တစ်ခုပေါ် ဆွေးနွေးဖို. စီစဉ်ပေးခဲ့တယ်။
India က လိင်မတော်မတရားမှုတွေအကြောင်းပေါ့။
သူတို.ဟာ ဒီကိစ္စတွေ နယ်တွေမှာ ဖြစ်ပွားနေတာကို ပြောကြဖို.
ဘလော့ဂါတွေကို ဖိတ်ခေါ်ခဲ့တယ်။
ကျနော်စပါလာတဲ့ နှစ်မှာဆိုရင် သူတို.ဟာ ပါဝင်ဆွေးနွေးသူတွေကို
ကိုယ့်ကိုယ်ကို လူစွမ်းကောင်းတွေလို. သဘောထားဖို. ပြောခဲ့တယ်။
ဒါဆို နယ်တွေက ကာမနှောက်ယှက်မှုတွေကို နှိမ်နင်းဖို. စိတ်ဝင်တစား ဆွေးနွေးနိုင်ပြီပေါ့။
ဒါစာတမ်းတစ်ခုမဟုတ်ဘူး။ ငိုစရာဇာတ်လမ်းမဟုတ်ဘူး။ ဥာဏ်သွားလှတဲ့ဖန်တီးမှုတစ်ခုပါ။
ဒီတော့ လူတန်းစားတိုင်း ဖတ်နိုင်အောင်လဲ တစ်ခါတည်း လုပ်လိုက်သလို ဖြစ်သွားပါတယ်။
ဘလော့တွေဟာလဲ အခရာကျတဲ့ လက်နက်တွေပါ။
သူတို.က ပုံပြင်ပြောသလို ပြောပြနိုင်တယ်လေ။
သူတို.က ခံစားချက်ကို ထည့်ရေးလို.ရတော့ တစ်ဦးချင်းစီက
ဘာခံစားရလဲ ဘာမြင်လဲဆိုတာ သိဖို.ပိုလွယ်တယ်။
ပြီးတာ့ ဂျာနယ်တစ်စောင် ထုတ်ရသလို လွယ်တယ်။
အဲဒါဟာ စာရေးဖို. အလွယ်ဆုံးနေရာ။ ဖတ်ဖို.လဲ အလွယ်ဆုံး နေရာပဲ။
သတင်းတိုက်ပွဲနဲ. စည်းရုံးရေးအတွက် ဘလော့တွေ အဓိက လှုပ်ရှားတဲ့ပုံစံက
ဘလောဂါလောကကတစ်ဆင့်ခံတယ်။
ဘလော့ဂါတွေဟာ ထုံးစံကတော့ ကိစ္စတစ်ခုကို အားလုံးပြိုင်တူရေးကြတယ်။
ဘယ်ကိစ္စကို ဘယ်အချိန်အတွင်းမှာ ရေးကြတယ်ဆိုတာလဲ သူတို.အချင်းချင်း ညှိကြတာရှိတယ်။
Blog တွေ၊ documentary တွေနဲ. အင်တာနက် သတင်းတွေက
လူမှုပြုပြင်ရေးအတွက် ဆောင်ရွက်ပေးမယ့် လူတွေဆီကို
လူတွေအားလုံးရဲ. အတွေ.အကြုံ အဖြစ်အပျက်တွေ ရောက်သွားစေမယ့်
နည်းလမ်းသုံးခုပါပဲ။
ဟာသတွေဟာ အရမ်း ပျံ.နှံ.လွယ်တယ်။
အထူးသဖြင့် နီးရာဓားကို ကြောက်ရတာမျိုး ဖြစ်နေတဲ့အခါ
အာဏာရှင်တွေကို ဝေဖန်လှောင်ပြောင်ဖို.
ဟာသတွေဟာ သိပ်ကိုထိရောက်တယ်။
မူဘာရတ်အစိုးရကို ဖြုတ်ချဖို. အီဂျစ်မှာ လူထုကို
စည်းရုံးနေတုန်းကပေါ့။
အင်တာနက်ကနေတစ်ဆင့် လူငယ်တွေ ပေးပို.တဲ့ ပုံတွေ
ကျနော်တို.အဖွဲ.အနေနဲ.
အများအပြားလက်ခံရရှိပါတယ်။ အထူးသဖြင့် ရုပ်ရှင်ပိုစတာတွေကို
ဖြတ်ညှပ်ကပ်လုပ်ထားတာတွေပေါ့။ သမ္မတပုံကို
သူခိုးတွေ လူမိုက်တွေဝိုင်းနေတဲ့ နာမည်ကြီး လူဆိုးခေါင်းဆောင်နေရာမှာ
အစားထိုးထားတာမျိုးပေါ့။ လူဆိုးဂိုဏ်းဆိုပါတော့။
လက်ရှိအနေအထားကိုတော့ ပြောပြလိုက်နိုင်တာပဲလေ။
အချိန်တိုအတွင်းမှာပဲ
ဟာသတွေနဲ. တိုက်ခံရတဲ့သမ္မတဟာ
အနီးကပ် ဘက်တော်သားတွေ ကျဆုံးကုန်ပြီး
မစွမ်းမသန် လူတစ်ယောက်လို အနေအထားကို
ရောက်သွားရပါတယ်။
မူလရာထူးမှာ ရှိနေတာတောင် ဘာမှမလုပ်နိုင်တော့ပါဘူး။
ဒါဟာ ဒိမိုကရေစီကို ရှေးရှုဖို.နဲ. ရွေးကောက်ပွဲတွေ သန်.ရှင်းဖို.
တောင်းဆိုတဲ့ လှုပ်ရှားမှု အစစ်အမှန်တွေ ဖြစ်မလာခင်
အုတ်မြစ်ဖြစ်စေခဲ့တဲ့ အသိဖွင့်ပေးတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။
လူတွေက ဟာသကိုပဲ ရယ်တတ်တာ မဟုတ်ပါဘူး။
ကာရာအိုကေခန်းတွေကို မိသားစုတွေ သူငယ်ချင်းတွေနဲ. သွားဖူးတယ်မို.လား။
ထိုင်းနိုင်ငံက The Asia Pacific Network of Sex Workers ဟာ
လိင်လုပ်သားတွေရဲ. အခွင့်အရေးကို မီးမောင်းထိုးပြဖို.
နာမည်ကျော်သီချင်းတွေရဲ. သံစဉ်တွေကို ရုပ်ပုံတွေနဲ. ပေါင်းပြီး
ကာရာအိုကေတွေအဖြစ် ဖန်တီးအသုံးပြုခဲ့တယ်။
နာမည်ကြီးဂီတတွေကို သုံးထားတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
လိင်လုပ်ငန်းနဲ. ပက်သတ်ပြီး ဥပဒေတွေ မူဝါဒတွေ ဘယ်လိုလွဲမှားနေလဲဆိုတာ
လိင်လုပ်သားတွေ ကိုယ်တိုင် သိလာဖို.နဲ. အပြောင်းအလဲအတွက် တိုက်ပွဲဝင်ဖို.
အချက်အလက်တွေ ဖြန်.ဝေရာမှာ ဒါကိုသုံးခဲ့တယ်။
ကျနော် အာရှမှာ ဗီဒီယိုကာရာအိုကေတွေ သုံးခဲ့ပါတယ်။
လူတွေက သီချင်းဆိုရတာ အရုပ်တွေကြည်ရတာ သဘောကျလို.ပါ။
အာရှမှာ ဗီဒီယိုကာရာအိုကေတွေက အရမ်းလူကြိုက်များတယ်။
လူတွေကို ပျော်ဝင်စေဖို. သိပ်လွယ်တယ်။
ဒါ့ကြောင့် ကျနော် သီချင်းတစ်ပုဒ်ရဲ. စာသားတွေကို ပြောင်းဖို. အကြံရခဲ့တာ။
ဒါမှ လိင်လုပ်သား ပပျောက်ရေး မူဝါဒတွေ၊ လူကုန်ကူးမှု ပပျောက်ရေးဥပဒေတွေ
ထွက်ပေါ်လာဖို. စည်းရုံးနိုင်မယ်။
Asia Pacific Netork က လိင်အလုပ်သမတွေအတွက်
ကာရာအိုကေဟာ ဘာသာစကားမတူသူတွေ ကြားမှာတောင် ကြားခံဘာသာစကားကို
ဖန်တီးပေးနိုင်စွမ်းရှိတယ်။
လူထောင်ပေါင်းများစွာ တက်ရောက်တဲ့ HIV AIDS ဆိုင်ရာ နိုင်ငံတကာ ကွန်ဖရန်.တွေ
အပါအ၀င် ဒေသတွင်းက ပါတီတွေ ကပွဲတွေမှာ အဖွဲ.ကတင်ဆက်တဲ့
ကာရာအိုကေ ဗီဒီယိုတွေကို ပြသခဲ့ပါတယ်။
ဗီဒီယိုတစ်ခုဟာဆိုရင် youtube နဲ. Blip.tv မှာ အကြိမ်ရေ
တစ်သောင်းနီးပါး ကြည့်ခဲ့ကြတယ်။
ဟာသကို သုံးနိုင်တဲ့ တခြား ဥပမာတစ်ခုကတော့
ဘယ်လာရုသမ္မတ Alexander Lukashenko အတွက် မွေးနေ.လက်ဆောင် အဖြစ် ပေါ်လာပါတယ်။
အင်တာနက်ကို မင်းမဲ့စရိုက်ဆန်တယ်လို. လူထုကို ထုတ်ပြောအပြီး
စည်းကမ်းတွေ ပိုတင်းကြပ်မယ်လို. ကြေငြာအပြီးမှာပေါ့။
တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရရဲ. ၀ါဒဖြန်.ယန္တယားနဲ. အင်တာနက်ကို
နှိုင်းယှဉ်ပြပြီး သမ္မတရဲ.ပြောကြားချက်ကို ဟာသအဖြစ် လှောင်ပြောင်ခဲ့ကြတယ်။
ဟာသဟာ ရှေးရိုးစွဲအတွေးအခေါ်တွေကို ရိုက်ချိုးတယ်
အကြောက်တရားကို ဖယ်ရှားတယ်။
အာဏာရှင်စံနစ်၊ ဖိနှိပ်မှု၊ ဆင်ဆာ တို.လို လူတွေကြောက်တတ်တာတွေကို
ဟာသများများလုပ်ပေးပါ
အကြောက်တွေပျောက်လာပါလိမ့်မယ်။
ဘယ်လာရူမှာ မကြာသေးခင် နှစ်တွေတုန်းက ရယ်စရာ ကမ်ပိန်းတစ်ခု လုပ်ခဲ့ဖူးတယ်။
Luchenko ကို အင်တာနက် ချိတ်ပေးလိုက်ပါတဲ့။
ဘယ်လာရူအစိုးရကို ဆန်.ကျင်ပြောဆိုနေကြတာတွေနဲ. ပက်သတ်ပြီး
လူချင်ကိုက ပြောခဲ့ပါတယ်
အင်တာနက်ထဲမှာ မဟုတ်တာတွေ အရမ်းများနေတယ်တဲ့။
ဘယ်လာရူလှုပ်ရှားသူတွေဟာ youtube နဲ. Live Journal တွေမှာ
ရယ်စရာဗီဒီယိုတွေ ကာတွန်းရုပ်ပြောင်တွေအဖြစ်
သမ္မတ လူချင်ကိုကို ဖန်တီးပြီး လွှင့်တင်ခဲ့ကြတယ်။
ဒီလို လက်နက်မျိုးကိုသုံးပြီးတိုက်ရတာဟာ အင်တာနက်သုံးသူတွေအတွက်
ထိရောက်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားစရာ ပိုကောင်းအောင်
ပျော်စရာကောင်းအောင် လုပ်ပေးတယ်။
ပြီးတော့မှ နိုင်ငံရေးနဲ.ဆိုင်တဲ့ သတင်းတစ်ပုဒ်အဖြစ်
လူတွေကြားထဲ ပြန်.အောင် လုပ်ပေးတယ်။
လူတွေကို ရယ်အောင် လုပ်ပေးတာဟာ လူ.အသိုင်းအ၀ိုင်းကောင်းဖို. လုပ်တာကို
အဟန်.အတားဖြစ်စေတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးပါတယ်။
Webstie တွေ ကာရာအိုကေတွေ ရုပ်ရှင်တွေဟာ
အလေးအနက်သတင်းတွေကို ပေါ့ပါးပေမယ့် ထိရောက်တဲ့
နည်းလမ်းနဲ. ဖြန်.ပေးပါတယ်။
သတင်းတိုက်ပွဲမှာ အချင်းချင်း ချိတ်ဆက်နိုင်မှုရဲ. အင်အားကို
ထိမ်းသိမ်းထားဖို. လိုအပ်တယ်ဆိုတာ တခါတလေ မေ့နေတတ်ကြတယ်။
ကွန်ယက်တွေဟာ ဒီခေတ်မှာ သေရေးရှင်တမျှ လိုအပ်ပါတယ်။
ကွန်ယက်ကို အသုံးချနိုင်ဖို. ပြင်ဆင်မှုနဲ. အချိန်လိုတယ်။
ကမ်ပိန်းတွေ အကျိုးအမြတ်မရှာတဲ့ လှုပ်ရှားမှုတွေအားလုံးရဲ.
အခြေခံဟာ လူသားရင်းမြစ်ပါပဲ။
ဒါကို နည်းပညာ ဘာသာရပ်အဖြစ် ပြောင်းမယ်ဆိုရင်
လူတွေဟာ အဆက်အသွယ်တွေပါပဲ။
လူအချင်းချင်းကြားတင်မက အဖွဲ.အစည်းတွေကြားမှာပါ
ဆက်သွယ်မှုတွေရှိနေပါတယ်။
ဒါတွေအားလုံး မင်းယူသုံးလို.ရတယ်
မင်းဆက်သွယ်လို.ရတယ်။
ပြီးရင် ကိုယ်လုပ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ပြီ။
CiviCRM ဆိုတဲ့ လုပ်ငန်းမှာ ပါဝင်ဖူးပါတယ်။
ဒါက အလကားပေးတဲ့ ကွန်ပြူတာ နည်းပညာတစ်ခုပါ။
အကျိုးအမြတ်မရှာတဲ့ အဖွဲ.တွေ အတွက် ရည်ရွယ်ထုတ်လုပ်တာပါ။
ဒါကို လူပေါင်း အဖွဲ.ပေါင်း များစွာရဲ. အကြံပြုချက်တွေအပေါ် အခြေခံထုတ်လုပ်ထားတာပါ။
ကျနော့်အမြင်ကတော့ ဒါဟာ အဆက်အသွယ်တွေကို ထိမ်းချုပ်ဖို.
အကောင်းဆုံး ကိရိယာတစ်ခုပါပဲ။
Frontline SMS ကတော့ တခြား software တစ်ခုပါ။
ကွန်ယက်ထဲမှာ ကိုယ်ကြိုက်တဲ့သူကို အတိအကျ ဆက်သွယ်လို.ရတယ်။
ဒီတစ်ခါတော့ SMS ကို အလေးပေးပြီး သုံးထားတယ်။
အဖွဲ.အစည်းဖက်က သုံးသပ်ရင် အဆက်အသွယ်တွေကို
ကောင်းကောင်း ကိုင်တွယ်နိုင်ဖို. သိပ်လိုအပ်ပါတယ်။
ပြီးတော့ တစ်ဦးချင်းအနေနဲ. စဉ်းစားကြည့်ပါ။ လူတိုင်းဟာ ကိုယ်နဲ. မဆိုင်တဲ့သတင်းတွေကို
နေရာတကာ သိချင်ကြပါ့မလား။ ကိုယ်နဲ.မပက်သတ်တာတွေကို ဘယ်စိတ်ဝင်စားနိုင်ကြမှာလဲ။
ဒီတော့ ကိုယ်က ကမ်ပိန်းတွေအများကြီးလုပ်နေပြီဆိုရင်
မင်းအနေနဲ. မဆိုင်တဲ့အဖွဲ.တွေဆီကို မဆိုင်တဲ့အချက်အလက်တွေ ပို.နေဖို.လိုမလား။
တခါတလေမှာ ဒေသတစ်ခုက အမျိုးသမီးအဖွဲ.တစ်ခုကိုပဲ
ရွေးပြီး သတင်းတစ်ပုဒ်ပို.ပေးရတာမျိုး ကြုံချင်ကြုံရနိုင်တယ်။
ဒါမှမဟုတ် ဒေသတစ်ခုမှာ အခြေစိုက်တဲ့ လူ.အခွင့်အရေးလှုပ်ရှားသူတွေပေါ့။
မင်းအနေနဲ. လူတွေကို သေသေချာချာ ကဏ္ဍမခွဲထားဘူးဆိုရင်
သူတို.ကို မလိုအပ်တဲ့ အချက်အလက်တွေနဲ. အမြဲတမ်း ပစ်ပေါက်မိနေလိမ့်မယ်။
ဒါဟာ ကိုယ့်ကမ်ပိန်းကို ထိရောက်မှု နည်းစေရုံသာမက
လူတွေအလုပ်မှာ အနှောက်အယှက်ဖြစ်ရလို. စိတ်ပျက်ကြလိမ့်မယ်။
FrontlineSMS ကိုသုံးတဲ့ ဥပမာကောင်းတစ်ခုကတော့
အာရှဒေသမှာ ဆူနာမီဖြစ်တဲ့အခါ ကိုယ်လိုချင်တဲ့ ဒေသ၊
ကိုယ်လိုချင်တဲ့ အဖွဲ.အစည်းတွေကိုပဲ ရွေးပြီး ဆက်သွယ်နိုင်ဖို. အထောက်အကူ ပေးနိုင်ခဲ့တယ်။
Marcy Corps လို.ခေါ်တဲ့ အဖွဲ.အစည်းတစ်ခုက အဲဒိ နည်းပညာကိုသုံးပြီး
လိုချင်တဲ့ အချက်အလက်တွေကို လိုချင်တဲ့လူဆီ ရွေးပို.နိုင်ခဲ့တယ်။
အဲဒိတော့ FrontlineSMS ကိုသုံးတာဟာ လူတွေကို ကဏ္ဍခွဲပြီး ဆက်သွယ်နိုင်စေတယ်။
ဥပမာ ဈေးကွက်အသီးသီးက ကော်ဖီဈေးနှုန်းတွေကို သိချင်ကြတဲ့ လယ်သမားတွေကိုပဲ ရွေးပို.ချင်လဲရတာပဲ။
အစိုးရ၀န်ကြီးတွေကလဲ ဒေသအသီးသီး ဈေးကွက်အင်္သီးသီးက ပေါက်ဈေးတွေကို သိချင်မှာပဲ။
တချို.ကလဲ ရာသီဥတုခန်.မှန်းချက်ကို လိုချင်ကြတယ်။
Frontline SMS ရဲ. အဖွဲ.အစည်းအင်အားနဲ. software ထဲက လုပ်ဆောင်ချက်တွေကို သုံးပြီး
သတင်းလိုအပ်ချက် အမျိုးအစားပေါ် အခြေခံတဲ့ အုပ်စုတွေ အများကြီး ဖွဲ.ပေးနိုင်ခဲ့တယ်။
တစ်ဖွဲချင်းစီမှာ ရှိနေတဲ့ လူတွေကို ပစ်မှတ်ထားပြီး
ဈေးကွက်အနေအထား၊ မိုးလေ၀သနဲ. တခြားသတင်းတွေကို SMS သုံးပြီး ပို.ပေးနိုင်ခဲ့တယ်။
သင့်ရဲ. အဆက်အသွယ်တွေရဲ. အချက်အလက်ကို သတင်းလှုပ်ရှားမှုမှာ သုံးချင်တယ်ဆိုရင်တော့
စံနစ်ကျဖို. လိုမယ်။ အလွှာပေါင်းစုံအတွက် သတင်းပေါင်းစုံကို
အားလုံးနီးပါး စုစည်းနိုင်ဖို. ကြိုးစားရမယ်။
နောက်ဆုံးတော့ ရှင်းရှင်းပြောရရင်ဒါဟာ ကြိုးစားအားထုတ်မှုပါပဲ။
ဒါပေမယ့် ဆက်သွယ်မှုအမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးကို ခွဲခြားမြင်နိုင်တာရဲ.
အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို မြင်ရပါလိမ့်မယ်။
အခြေခံကတော့ သင့်အနားတစ်ဝိုက်မှာ ဖြစ်ပျက်နေတာကို သိတတ်မြင်တတ်ဖို.နဲ.
ပန်းတိုင်ကိုရောက်နိုင်မယ့် အစွမ်းထက် ကိရိယာတစ်ခုကို ရယူတတ်ဖို.ပဲ လိုတာပါ။
Database တွေ၊ client relationship management စံနစ်တွေနဲ. Bulk text messaging software တွေဟာ
သင့်အဆက်အသွယ်တွေကို အစီအစဉ်တကျ ရှိစေဖို.နဲ. သင့်ကို ကူညီသူတွေနဲ.
ဆက်ဆံရေးကို ထိမ်းထားနိုင်ဖို.အတွက် အသုံးပြုတဲ့
ကိရိယာသုံးမျိုးပဲ ဖြစ်ပါတယ်။
တခါတလေမှာ အကြောင်းအရာတွေက ရှုပ်ထွေးလွန်းလှပါတယ်။
ရှေးပဝေသနီက ကိစ္စတွေပါနိုင်သလို
လူအများကြီးနဲ. ဆက်နွယ်နေတာမျိုးလဲ ဖြစ်နိုင်ပါတယ်။
ကိစ္စတစ်ခုကို နားလည်နိုင်ဖို. အတွက်
ရှိနေတဲ့ သတင်းတွေကို ရှာဖွေပြီး အဲဒိသတင်းကို ရယူဖို.
တရားဝင်တောင်းဆိုနိုင်မလား လေ့လာရမယ်
ကျနော်တို.ဟာ အစိုးရကို နှစ်တိုင်းအခွန်တွေဆောင်ပြီး နှစ်အနည်းငယ်ကြာတိုင်း
အစိုးရမှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ကြရပါတယ်။
ဒါဟာ ငွေကြေးတွေ အာဏာတွေကို လက်ပြောင်းလက်လွှဲလုပ်တာပါ။
ဒီတော့ ပိုက်ဆံတွေ အာဏာတွေကို ဘယ်လိုသုံးနေတယ်ဆိုတာ
သိခွင့်ရှိရပါမယ်။
ကမ္ဘာ့နိုင်ငံ ၈၂ ခုမှာ
သတင်းရယူခွင့် သို.မဟုတ် သတင်းလွတ်လပ်ခွင့်ဥပဒေဟာ
အစိုးရကို မေးခွန်းပြန်ထုတ်ခွင့်နဲ. အဖြေတစ်ခု ရပိုင်ခွင့် ပြည်သူတွေကို ပေးထားပါတယ်။
နိုင်ငံတကာ စံနှုန်းတွေကတော့ ရှင်းပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ ရှင်းလင်မြန်ဆန်ပြီး လွတ်လပ်မှုရှိရပါမယ်။
များသောအားဖြင့်လဲ ဒီအတိုင်းပါပဲ။
ကမ္ဘာအနှံ.က ပြည်သူတွေဟာ အစိုးရကို မေးခွန်းထုတ်ရာက ရလာတဲ့
အဖြေတွေကို ဆွေးနွေးငြင်းခုံ အဖြေရှာကြရင်း အစိုရရဲ. လုပ်ပုံကိုင်ပုံတွေကို
ပြောင်းလဲနိုင်ခဲ့တဲ့ ဥပမာတွေ
ကျနော်တို.မှာ အများကြီး ရှိနေပါပြီ။
Farmsubsidy.org ဟာ အစိုးရရဲ. လယ်ယာထောက်ပံေ့ကြးနဲ.
ပက်သတ်တဲ့သတငးေ်တွကို ဥရောပ သမဂ္ဂကတစ်ဆင့် ရယူဖို.
တွန်းအားပေးတဲ့ အဖွဲ.အစည်း ဖြစ်ပါတယ်။
သူတို.ရည်မှန်းချက်က စာနယ်ဇင်းသမားတွေ သာမန်အရပ်သားတွေ အနေနဲ.
လယ်ယာထောက်ပံေ့ကြးအတွက် လျာထားတဲ့ ရန်ပုံငွေ ဘီလီယံပေါင်းများစွာကို
ဘယ်လိုသုံးနေလဲ လေ့လာနိုင်အောင်လို.ဖြစ်ပါတယ်။
Farmsubsidiary.org မှာ campaign လုပ်နေစဉ်တုန်းက ကျွန်ေတာ်တို့လည်း အောင်မြင်မှုရရော
သတင်းတွေ မဆံ့မပြဲဖြစ်လုနီးပါး ကြုံခဲ့ရပါတယ်။
မီဒီယာတွေ အာရုံစိုက်လာဖို. ဘယ်သတင်းမျိုး ပေးမလဲ ဆုံးဖြတ်ရတာ တော်တော်ခက်ပါတယ်။
တကယ်လို့သင့်မှာ များပြားလှတဲ့
အချက်အလက်အစုကြီးတစ်ခုရှိနေပြီး ပြည်သူတွေကို တင်ပြဖို. နည်းလမ်း
ရှာနေတယ်ဆိုရင် သူတို.ဘ၀နဲ. တိုက်ရိုက်ဆိုင်တာကို တင်ပြလိုက်ပါ။
နေရာဒေသနဲ့ သက်ဆိုင်တဲ့သတင်းကို ရွေးချယ်ဖို့ပါ။
အဲဒီလိုလုပ်ဖို့အကောင်းဆုံးနည်းက Google Maps သုံးပြီး
မြေပုံနဲ. သတင်းကို ချိတ်ထားပေးလိုက်ရုံပါပဲ။ လုပ်ဖို.လွယ်ပြီး အလကားလဲ ရပါတယ်။
ကျွန်တော်တို့တွေ ဆွီဒင်နိုင်ငံမှာ ဒါမျိုးလုပ်ခဲ့ပြီးပါပြီ။
ဘာကြောင့်လဲဆိုတော့ ဆွီဒင်မှာ အကောင်းဆုံး ပူးပေါင်းပါဝင်မှုကိုရခဲ့တယ်။
လယ်ယာထောက်ပံ့ကြေး ချထားငွေ ခုနစ်နှစ်စာ စာရင်းကို Google Map တစ်ခုတည်းမှာ
တင်ပြပေးနိုင်ခဲ့တယ်။ လူတိုင်းဟာ ကိုယ့်နေရာကို
မြေပုံပေါ်မှာ ထောက်လိုက်ရုံနဲ. ကိုယ်နဲ.ဆိုင်တဲ့ အချက်အလက်ကို တွေ.ရပါတယ်။
ဒါဟာ သူတို့အတွက်တော့ ပျင်းစရာကောင်းအောင် ရှည်လျှားလှတဲ့ စာရင်းဇယား တစ်ထပ်ကြီးကို
တစ်ရွက်ချင်းလှန်နေရတာထက် ပိုအဆင်ပြေပါတယ်။
ဒါပေမယ့် သတင်းလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာတောင် အစိုးရဆီက
သိချင်တာတွေ သိခွင့်ရဖို. အမြဲတမ်း မလွယ်ပါဘူး။
အင်္ဂလန်မှာတုန်းက အမတော်ကြေး ရရှိသူတွေဆီက စာရင်းဇယားတွေရဖို့ သုံးနှစ်လောက် ကြာပါတယ်။
တကယ်တော့ ကျွန်တော်တောင်းတာတွေ အကုန်မရခဲ့ပါဘူး။
အဲဒီ့တော့ ရေရှည်တိုက်ပွဲအတွက် ကြိုပြင်ထားရပါမယ်။
ငြင်းလွှတ်လိုက်တာကိုလည်း လက်မခံရဘူး။
ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတွေကတဆင့်
နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ဖြစ်
တရားဥပဒေက ပေးထားတဲ့ အခွင့်အရေးဖြစ်ဖြစ် ရတဲ့နည်းကိုသုံးရပါမယ်။
ဒါမှမဟုတ် မီဒီယာကိုသုံးပါ။
သင့်ရဲ.နိုင်ငံသားအခွင့်အရေးကိုသုံးပြီး
ဖိအားတစ်ရပ်ကို တည်ဆောက်ပါ။
တခြားဥပမာတစ်ခုမှာဆိုရင် နည်းပညာသမားတွေနဲ့အခွင့်အရေးတိုက်ပွဲဝင်သူတွေဟာ
အစိုးရနဲ့အစိုးရမဟုတ်တဲ့ အေဂျင်စီတွေအပါအဝင် နေရာအနှံ.ကနေ
သတင်းအချက်အလက်တွေရရှိခဲ့ကြပါတယ်။
သတင်းတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရောက်လာကြတာပါ။
အဲဒါတွေကို ကမ္ဘာအနှံ့ကကြားသိမဲ့သူတွေက အရေးယူဆောင်ရွက်လာဖို့ ပြောရာမှာ
စိန်ခေါ်မှုတစ်ရပ်ရှိနေပါတယ်။
ကျွန်တော်ပါဝင်ခဲ့တဲ့ ပရောဂျက်တစ်ခုကတော့
Durfur Crisis in Google Earth က ကဏ္ဍတစ်ခု ဖြစ်ပါတယ်။
အဖွဲ.မှာ the United States Holocaust Museum က
စုစည်းပေးလိုက်တဲ့ လူတစ်ဒါဇင်လောက် ပါဝင်ပါတယ်။
သူတို့ဟာ ဒါဖာဒေသမှာ ဖြစ်ပျက်နေတာတွေကို
ဆွဲဆောင်မှုရှိတဲ့ နည်းတွေနဲ့ လူတွေအသိအမှတ်ပြုလာအောင် လုပ်ပေးချင်တာပါ။
ကျွန်တော်တို့ကလည်း Google Earth မှာလုပ်လို့ရသလောက် အစွမ်းကုန်လုပ်ဆောင်ခဲ့ပါတယ်။
ကျွန်တော်တို့ဆီမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ Spreadsheet တွေစတဲ့
သတင်းအချက်အလက်ပေါင်းများစွာ ရှိနေခဲ့ပြီး
Google Earth ရဲ့ပင်ကို layer တွေမှာပဲ လက်တလောပို့တင်ထားတဲ့ပုံတွေ၊
ဒါဖာဒေသက ပျက်စီးသွားတဲ့ရွာတွေရဲ့ပုံတွေလည်း ရှိနေခဲ့ပါတယ်။
အဲဒီ့က အခြေအနေတွေကို လျော်ကန်တဲ့အလေးထားမှုတွေ ပေးနိုင်ဖို့
ကျွန်တော်တို့ဟာ ခြောက်လလောက် လုပ်ခဲ့ရပါတယ်။
အားကောင်းတဲ့ သတင်းတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ဖို့ပါ။
အဲဒီ့ကိစ္စဟာ Google မှာရော မီဒီယာတွေမှာပါ ကြီးမားတဲ့သတင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
လူထောင်ပေါင်း၊ သောင်းပေါင်းများစွာဟာ အဲဒီ့ layer တွေကိုမြင်တွေ့ခဲ့ပြီး
ဒါဖာက အဖြစ်အပျက်အပေါ် အာရုံစိုက်မှုအကြီးအကျယ် ဖြစ်ပေါ်လာခဲ့ပါတယ်။
ကျွန်တော်တို့ဟာ လူတွေကို ဒီ campaign မှာပါဝင်ဖို့ တိုက်ရိုက်နည်းလမ်းတွေချပေးခဲ့ပါတယ်။
အဲဒီ့ layer တွေမှာတောင်းဆိုချက်တွေ လက်မှတ်ထိုးပို.နိုင်တဲ့ link တွေထည့်ပေးထားပြီး
ဒီအဖြစ်အပျက်ထဲ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာစေခဲ့ပါတယ်။
သင့်ရဲ့သတင်းအချက်အလက်ရပိုင်ခွင့် အခွင့်အရေးတွေကို အသုံးပြုဖို.နဲ.
အဲဒိ အချက်အလက် တပြုံတမကို လူထုဆီပို.ပေးဖို. နည်းလမ်းကောင်းတွေ ရှာရတာ အမြဲတမ်းတော့ မလွယ်လှပါဘူး။
ဒါပေမယ့် ဒါဟာ သတင်းနည်းပညာလှုပ်ရှားမှုမှာ အရေးပါတဲ့ နည်းဗျုဟာတစ်ခုပါပဲ။
တကယ်လို. သင်သာ စမ်းသပ်ခံနိုင်ရင်
သိသာမြင်သာတဲ့ တိုးတက်မှုတွေကို ဆုလာဘ်အဖြစ် မြင်ရမှာပါ။
သိပ်မကြာသေးခင်ကဆိုရင် လူအများကြီးအနေနဲ. ပူးပေါင်းဆောင်ရွက်ဖို.ဆိုတာဟာ
တစ်နေရာတည်းမှာ လူကိုယ်တိုင် မဆုံနိုင်ရင် ခက်ခဲခဲ့ပါတယ်။
နည်းပညာသစ်တွေက ဒါကို ပြောင်းလဲပေးခဲ့ပါပြီ။
ကျွန်တော်တို.ဟာ “swarming” လို.ခေါ်တဲ. စိတ်ကူးသစ်တွေနဲ. တွေ.ကြုံနေရပါပြီ။
“Swarming”ဆိုတာဟာ လူပေါင်းစုံရဲ. အတွေ.အကြုံ ဗဟုသုတတွေကို
တစ်ဦးချင်း လုပ်ဆောင်မှုထက် ပိုကောင်းတဲ့ အကျိုးရလာဒ်တွေ
ရလာအောင် စုပေါင်းအသုံးချတဲ့ နည်းပါပဲ။
၂၀၀၈ မွန်ဘိုင်းတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့စဉ်က
“Twitter” ကိုသုံးပြီး swarm တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။
Twitter ဟာ အင်တာနက်နဲ.မိုဘိုင်းဖုန်းတွေကတစ်ဆင့် အချင်းချင်းအပြန်အလှန် စာတွေရေးကြဖတ်ကြတဲ့
blog အသေးစားလေးပါပဲ။
မွန်ဘိုင်းအကြမ်းဖက်မှု ဖြစ်နေတုန်းမှာ
ကျနော်တို. တော်တော်များများ အဲဒိနားတစ်ဝိုက်မှာ ရှိနေကြတယ်
ကျနော်တို. ခံစားချက်တွေ သွန်ထုတ်ခဲ့ကြတယ်။
ဘာတွေဖြစ်နေလဲဆိုတာတွေနဲ.
တီဗီမှာ ဘာပြနေလဲ ဆိုတာအားလုံးကို twitter မှာ ပြန်ပြောခဲ့ကြတယ်
အားလုံးက ဘာလုပ်ရမှန်းမသိ ခံစားနေရတယ်။
အပြင်လဲ ထွက်ခွင့်မရတာကြောင့် အထီးကျန်နေခဲ့ကြရပါတယ်။
twitter ဟာ ကျနော်တို.ရဲ. အထီးကျန်မှုတွေ၊ ဒေါသတွေကို လျော့ပါးစေတယ်
ကျနော်တို.လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဖလှယ်ဖို.
အခင်းဖြစ်ပွားရာနေရာက လူတွေနဲ. ချိတ်ဆက်ပေးတယ်။
ဥပမာအားဖြင့် ဆေးရုံကိုသွားတဲ့ လူတွေရှိမယ်။
အဲဒိလူတွေက ဒဏ်ရာရသူနဲ. အသေအပျောက်စာရင်းကို ရတယ်ဆိုပါတယ်။
အဲဒါတွေကို သတင်းမထုတ်ပြန်ရသေးဘူးဆိုရင် သူတို.က ကျနော်တို.ဆီ fax နဲ.ပို.ပေးတယ်။
ကျနော်တို.က အဲဒါတွေကို blog ပေါ်တင်ပြီး twitter နဲ. အမြန် link ချိတ်ပေးလိုက်တယ်။
ဒါ့အပြင် ဆေးရုံမှာလိုအပ်နေတဲ့ သွေးအမျိုးအစားအတိုင်းရအောင်
ဒီနည်းနဲ. စွမ်းဆောင်ပေးနိုင်ခဲ့တယ်။
ဒါဟာ အချင်းချင်း ဆက်စပ်ပက်သက်နေတဲ့ ဆုံရပ်ပေါင်းများစွာနဲ. တည်ဆောက်ထားတဲ့
လူအဖွဲ.အစည်းတစ်ခုရဲ. ဆက်စပ်လှုပ်ရှားချက်တွေပါပဲ။
အင်တာနက်ပေါ် ခြေချနိုင်မှတော့ ဒါတွေလုပ်နိုင်ပြီပေါ့။
ဒီအလုပ်ရဲ. တကယ်ပဲ ပဉ္စလက်ဆန်တဲ့ နောက်အချက်တခုကတော့
ခုနပြောသွားတဲ့ အချက်တွေအားလုံးကို ပေါင်းဆုံသွားစေပြီး
ပိုမိုအားကောင်းသွားစေခြင်းဘဲ ဖြစ်ပါတယ်။
ဒါဟာ သတင်းထုတ်ပြန်မှု ယန္တရားတစ်ခု ဖြစ်နေလို.ပါ။
ဖြစ်ပျက်နေတဲ့အရာတွေအပေါ် ပေါင်းစည်းဆောင်ရွက်ခြင်းရဲ. အကျိုးပြုမှုတွေကို
သတင်းဌာနကြီးတွေက စိတ်ဝင်စားလာအောင်
စွမ်းဆောင်နိုင်ခဲ့တယ်။
မွန်ဘိုင်းအကြမ်းဖက်မှုက ဘာကိုပြခဲ့သလဲဆိုတော့ mobile phone တွေဟာ
အကျပ်အတည်းကြားမှာ အရေးပါတဲ့ ကိရိယာ ဖြစ်လာတယ်ဆိုတာပါဘဲ။
မက်ဒါဂါစကာမှာ ဆိုရင် အစိုးရဆန်.ကျင်ရေး ဆန္ဒပြပွဲတွေမှာ
အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါ ကွန်ပျူတာဆော့ဖ်ဝဲပါတဲ့ မိုဘိုင်းဖုန်းတွေဟာ
ပြည်သူတွေကို ဘာတွေဖြစ်နေပြီဆိုတာ အချိန်မီ သတင်းပို.နိုင်စေခဲ့တယ်။
Frontline SMS ဆော့ဖ်ဝဲ ပရိုဂရမ်ဟာ
Madagascar က အသုံးပြုသူ အမြောက်အများကို
သတင်းတွေ တွေ အပြန်အလှန် ဖလှယ်စေနိုင်ခဲ့တယ်။
Ushahidi က အသုံးပြုသူတွေကို မြေပုံတွေသုံးပြီး message တွေ ပို.ခွင့်ပြုထားတုန်းကပေါ့။
၂၀၀၉ ခုနှစ် မက်ဒါဂါစကာအရေးအခင်းကာလမှာ
ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်ခဲ့တယ်လို. ယုံကြည်ခဲ့ကြတယ်။
အဲဒိမှာ ဒုက္ခခံစားနေရတဲ့သူတွေ ဆန္ဒပြပွဲမှာ ပါဝင်သူတွေ
ပြီးတော့ အဖြစ်အပျက်ရဲ. ရိုက်ခတ်မှုတွေကို ခံစားရသူတွေဆီက
အသံတွေ သတင်းတွေ အချက်အလက်တွေ စုဆောင်းဖို. အခွင့်အရေး
ကောင်းကောင်းရရှိခဲ့ပါတယ်။
နည်းပညာကိုသုံးပြီး သင်ဟာ လူတွေရဲ.အမြင်တွေကို စုစည်းလို. ရနိုင်တယ်
ဒါဆိုရင် အချက်အလက်အဖြစ် SMS နဲ. ပို.လို.ရပြီ။ email ပို.လို.ရပြီ။
သူတို.ဟာ အင်တာနက်ပေါ်မှာ အမေးအဖြေလုပ်နိုင်သေးတယ်။ ဒီလောက်ဆိုရင် သင်ဟာ
ပင်မမီဒီယာကြီးတွေက ထုတ်လွှင့်နေတဲ့ သတင်းနဲ. သင်ရထားတာတွေ အားလုံးကို စုပေါင်းပြီး
တကယ့်နေရာမှာ အမှန်တကယ် ဘာဖြစ်နေလဲဆိုတာ အနီးစပ်ဆုံး ခန်.မှန်းနိုင်ပြီပေါ့။
UShahidi ဟာ Frontline SMS ကိုသုံးတဲ့ လူထုသတင်းရင်းမြစ်ဖြစ်ပြီး
လူတွေကို ကြိုတင်ကြေငြာထားတဲ့ နံပါတ်ကို စာတိုလေးတွေနဲ. သတင်းပေးပို.စေတယ်။
ပြီးရင် လက်ကိုင်ဖုန်းတွေကနေ သတင်းဌာနတွေကို ပို.နိုင်တယ်။ အင်တာနက်သုံးပြီး အီးမေးလ်ပို.နိုင်တယ်
ဝဘ်ဆိုဒ်မှာ ဖော်ပြနိုင်တယ်။ မေးခွန်းတွေ ဖြေပြီး ပုံစံဖြည့်သွားနိုင်တယ်။
လူတွေက သက်သာမြန်ဆန်တဲ့ SMS ပေးပို.တာကို ပိုသဘောကျလေ့ရှိတယ်။
FrontlineSMS ကတော့ ဒီ message တွေကို စုဆောင်းပြီး
UShahidi စာမျက်နှာပေါ်မှာ ဖော်ပြလေ့ရှိတယ်
အဲဒိအခြေအနေကနေစပြီး သူတို.ဟာ ပင်မသတင်းဌာနတွေ အပါအ၀င်
တခြားက၀င်လာတဲ့သတင်းတွေနဲ.ပေါင်းတယ်။ ပြီးတော့ မြေပုံနဲ.တွဲဖော်ပြပေးလိုက်တယ်။
အဲဒိမှာတင် အဓိကပြသနာပေါ်နေတာ ဘယ်နေရာလဲဆိုတာ ရှင်းသွားတော့တာပဲ။
ပြီးတော့ အခြားသိစရာ သတင်းရင်းမြစ် မရှိနိုင်တဲ့ အနေအထားမှာ
နိုင်ငံအတွင်းမှာ ဘာဖြစ်နေလဲဆိုတာကို ပိုပြီး ကျယ်ကျယ်ပြန်.ပြန်. မြင်လာစေတယ်။
ဒီဥပမာတွေအားလုံးဟာ ဘာကိုပြသလဲ? မိုဘိုင်းဖုန်းတွေဟာ အင်တာနက် နည်းပညာနဲ. ပေါင်းစပ်လိုက်တဲ့အခါ
ဖုံးကွယ်ထားတဲ့ အဖြစ်အပျက်တွေကို ရှင်းလင်းသိမြင်လာဖို.
အတွေ.အကြုံ အသိပညာတွေကို အားဖြည့်ပေးတယ်။
နားလည်မှုရှိတဲ့ နည်းပညာဆိုတာ တစ်ဦးချင်းစီရဲ. အချက်အလက် လိုအပ်ချက်ကို
တုံ.ပြန်ပေးနိုင်တဲ့နည်းပညာပါပဲ။
တစ်ခုသောဥပမာက Infonet ရဲ. ဘတ်ဂျက်စောင့်ကြည့်နည်းပညာပါ
လူတွေက SMS တွေပို.ပြီး ဒေသတွင်းမှာ လုပ်နေတဲ့
ဖွံ.ဖြိုးရေးစီမံကိန်းတွေအတွက် ဘတ်ဂျက်ခွင့်ပြုငွေကို စုံစမ်းလို.ရတယ်။
နိုင်ငံသားတွေဟာ ပြီးတဲ့အခါ စောင့်ကြည့်ရေး အဖွဲ.တွေကို
ဆက်သွယ်ပြီး အဲဒိဘတ်ဂျက်တွေ မှန်မှန်ကန်ကန် သုံးစွဲလားဆိုတာ စုံစမ်းနိုင်တယ်။
ဒီမှာ အရေးပါတာက SMS အတိုကောက်ကလေးတွေကို သုံးတဲ့ စံနစ်တစ်ခု ဖန်တီးရတာပါ။
ကျနော်တို.က ချထားပေးတဲ့ စီမံကိန်းခွင့်ပြုငွေတွေကို ပို.ပေးဖို.
စီမံကိန်းရှိတဲ့ နေရာကလူတွေကိုလဲ SMS ပို.ဖို. စီစဉ်ထားတယ်။
ဒီလို အပြန်အလှန်လုပ်ငန်းမှာဆိုရင် တပြိုင်နက်တည်းမှာ
ဒီစံနစ်ထဲကို အချက်အလက်တွေ ဖြည့်ဆည်းပြီး ဖြစ်သွားတယ်။
Infonet ဘတ်ဂျက်စောင့်ကြည့်လုပ်ငန်းဟာ ငွေကြေး မသမာမှုတွေကို ဖော်ထုတ်နိုင်ခဲ့တယ်။
ဒီတွေ.ရှိချက်တွေကို အစိုးရနဲ. ပင်မမီဒီယာတွေကို ဖွင့်ထုတ်လိုက်တယ်။
Infonet က ဘာလုပ်တာလဲဆိုတာ့ လာဘ်စားမှုမှန်သမျှ ပေါ်ပေါက်ဖို.ပါပဲ။
ပြီးတော့ လူထုလှုပ်ရှားမှုဟာ အကျိုးရလာဒ်ထွက်လာရမယ်။
ခုနောက်ပိုင်း တိုးတက်လာမှုတွေကြောင့် နည်းပညာက လူတွေရဲ. လိုအပ်ချက်ကို သိပြီး
ဖြည့်ဆည်းပေးနိုင်လာတယ်။
ဥပမာဖုန်းတွေဟာဆိုရင် အရင်က ထိမ်းချုပ်ခံသပ်သပ်ဖြစ်ခဲ့ပါတယ်။
လက်ဝါးကြီးအုပ်တဲ့ ဖုန်းကုမ္မဏီတွေ ရှိနေတာကိုး။
ဒီနှစ်ပိုင်းမှာတော့တယ်လီဖုန်းနည်းပညာဟာ ဆန်းသစ်လာခဲ့ပါတယ်။
Voiceover IP လို.ခေါ်တဲ့ နည်းပညာနဲ. အားလုံးကို ပြောင်းလဲနိုင်ခဲ့ပြီ။
အခုဆိုရင် အခမဲ့ဆော့ဖ်ဝဲကို သုံးပြီး လူတိုင်း ကိုယ်ပိုင်ဖုန်းကုမ္ပဏီ တည်ထောင်လို.ရနေပါပြီ။
ဆိုလိုတာကတော့ တယ်လီဖုန်း ၀န်ဆောင်မှုလုပ်ငန်းအ၀၀ကို သင့်ရဲ.ဖုန်းစနစ်
ဒါမှမဟုတ် ကွန်ပျူတာနဲ. လုပ်ဆောင် နိုင်တယ်ဆိုတာပါပဲ။
အဲဒီအခါ လှုပ်ရှားဆောင်ရွက်သူအစုအဖွဲ.အများအပြားဟာ
ဖုန်းခေါ်ဖို. လိုင်းတစ်လိုင်း ယူသုံးကြပါလိမ့်မယ်။
ဇင်ဘာဘွေက KUBATANA TRUST ဟာ သူတို.ရဲ. ကိုယ်ပိုင်ဖုန်းစနစ်ကို အသုံးပြုပြီး
ဝန်ဆောင်မှုတစ်ခုတည် ဆောက်ခဲ့ကြတယ်။
ပြည်သူတွေကိုရွေးကောက်ပွဲအတွင်း ဆန္ဒမဲဘယ်မှာ ပေးရမယ်ဆိုတာကို SMS ပို.ပေးနိုင်ဖို.ရည်ရွယ်တယ်။
ပြီးခဲ့တဲ့ ခုနစ်နှစ် အတောအတွင်း ဇင်ဘာဘွေမှာ ရွေးကောက်ပွဲတွေ ခဏခဏ ပြုလုပ်ခဲ့ပါတယ်။
အစိုးရရဲ.နည်းဗျူဟာတွေထဲကတစ်ခုကတော့ ဘယ်နေရာမှာ
ဆန္ဒမဲ ပေးရမလဲဆိုတာကို ပြည်သူတွေသိရှိဖို.ခက်ခဲအောင် ဖန်တီးထားတာပါပဲ။
ဒါပေမဲ့ ကျွန်တော်တို.လုပ်ခဲ့တဲ့ အရာတွေထဲက တစ်ခုကတော့ မဲပေးမယ့်လူစာရင်းကို
database format နဲ.သိမ်းဆည်းထားတဲ့ အခြားအဖွဲ.အစည်းတခုနဲ. ပူးပေါင်းပြီး
ဘယ်သူတွေ ဘယ်မှာမဲပေးရမလဲဆိုတာ သိရှိအောင်ကူညီခဲ့တယ်။
လူတွေရဲ. မှတ်ပုံတင် အချက်အလက်တွေကို SMS နဲ.ပို.ခိုင်းတယ်။
ပြီးတော့ အဲဒီ အချက်အလက်တွေကို database နဲ.တိုက်ကြည့်ပြီး
သူတို.မဲပေးရမယ့်နေရာတွေကို SMS နဲ.ပြန်ပို.လိုက်တယ်။
အလွန်စိတ်ဝင်စားစရာ compaign တစ်ခုဖြစ်ခဲ့ပြီးလူအတော်များများအတွက် အကျိုးရှိခဲ့ပါတယ်။
လူထောင်ပေါင်းများစွာက KUBATANA TRUST ကတည်ထောင်ထားတဲ့ ဒီစနစ်ကို
အသုံးပြုခဲ့ပေမဲ့ စာတတ်မြောက်မှု နည်းပါးခြင်းနဲ. ဘာသာစကား ကွဲပြားခြားနားမှုတွေက
လူတွေကို SMS ၀န်ဆောင်မှု မသုံးနိုင်အောင် ကန်.သတ်ထားခဲ့ပါတယ်။
အဲဒါကိုဖြေရှင်းဖို. KUBATANA ဟာ Freedom Fone ဆိုတဲ့
အသံပြောလိုက်ရုံနဲ. အလုပ်ဖြစ်တဲ့ အသံပို.စနစ်ကို
စတင်ဆောင်ရွက်နေပါပြီ။
Freedom Fone ပရောဂျက်ကို အုပ်စုတိုင်းက ဆော့ဖ်ဝဲကို ရယူပြီး
သူတို.ရဲ.စက်တွေမှာ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်အောင် တည်ဆောက်ထားပါတယ်။
ဘယ်လိုသတင်းအချက်အလက်မျိုး လိုချင်တယ် ဒါမှမဟုတ် ပေးချင်တယ်ဆိုတဲ့
menu ပါထည့်ပေးထားပါတယ်။
Freedom Fone က ခေါ်ဆိုမှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြန်ခေါ်ပေးတဲ့အတွက်
အဖွဲ.အစည်းဖက်ကပဲ ဖုန်းခေါ်ဆိုခကို ကျခံနိုင်စေခဲ့တယ်။
အဲဒီမှာ စီစဉ်သူတွေ သိပ်ပြီး ဂရုမထားလိုက်မိတဲ့ အပိုင်းကတော့
အသံနဲ.ပြန်လည်ဖြေကြားပေးတဲ့ အပိုင်းပါပဲ။
စေတနာ့ဝန်ထမ်းအဖွဲ.တွေက လူတွေအားလုံး သုံးစွဲနိုင်အောင် လုပ်ပေးမယ်ဆိုရင်
လူတွေကြားထဲမှာ အင်တာနက်မသုံးနိုင်လဲ
ဖုန်းခေါ်တတ်ရုံနဲ. ၀န်ဆောင်မှုကို သုံးနိုင်လာမယ်။ ဆင်းရဲသားတွေ အကျိုးရှိမယ်။
သူတို.သိချင်တာရှိရင် ဖုန်းဆက်ပြီး မေးတတ်ဖို.ပဲ လိုတော့မယ်လေ။
လူတွေသိချင်တာတွေ နားထောင်ပြီး ပြန်ဖြေပေးနိုင်တဲ့ ဒီလို နည်းပညာမျိုးကို တီထွင်အသုံးပြုတာဟာ
သတင်းကွက်လပ်ကိုဖြည့်ဖို.နဲ. သတင်းတွေ မြန်မြန်ပြံ.နှံ.ဖို.အတွက်
အတော်ပဲရေးကြီးပါတယ်။
အကျင့်ပျက်ခြစားမှုတွေနဲ.
အခွင့်အရေးအလွဲသုံးစားပြုလုပ်မှုတွေကို ရဲ၊စစ်တပ်၊
နိုင်ငံတကာကုမ္ပဏီကြီးတွေနဲ. အစိုးရလို အာဏာအရှိဆုံး လူတန်းစားတွေက ကျူးလွန်တဲ့အခါမျိုးမှာ
ဖြစ်ပျက်နေတာတွေကို စုံစမ်းပြီး ဖော်ထုတ်ဖွင့်ချဖို.
လိုအပ်လာပါတယ်။
အီဂျစ်မှာဆိုရင် ရဲတွေရဲ. ရက်စက်ကြမ်းကြုတ်မှုအကြောင်း
ကျယ်ကျယ်ပြန်.ပြန်.သိနေကြပေမဲ့
သတင်းဌာနကြီးတွေက ဖော်ပြဖို. မလိုလားကြဘူး။
ဖိနှိပ်ခံပြည်သူတွေအတွက် အမှန်တရားကို ကူညီဖော်ထုတ်ဖို.
ဂျာနယ်လစ် Noha Atef ဟာ Torture in Egype လို.ခေါ်တဲ့ ဘလော့တစ်ခုရေးသားခဲ့တယ်။
အီဂျစ်မှာ ကျုးလွန်နေကြတဲ့ နှိပ်စက်ညှင်းပန်းမှုတွေအကြောင်းကို
ပြည်သူတွေနဲ. ရဲတွေရဲ. ဆက်ဆံရေးတွေကို ဖော်ပြခဲ့တယ်
Torture in Egype ဟာ
ညှဉ်းပန်းမှုတွေ မီဒီယာတွေမှာ ရေပန်းမစားခင်ကတည်းက စခဲ့တာပါ။
ညှဉ်းပန်းမှု သတင်းတွေဟာ တီဗီမှာပြခဲပါတယ်။
သမရိုးကျမီဒီယာတွေအတွက် စိတ်ဝင်စားစရာ မကောင်းဘူးပေါ့။
ဒီတော့ Torture in Tgypt က ပိုပြတယ်။
နောက်ဆုံးမှာတော့ အခြားသော အင်တာနက်အသုံးပြုသူတွေ၊ဘလော့ဒ်ဂါတွေကို
သူတို.ရဲ. သဘောထားအမြင်တွေပါ ရေးသားလာအောင်လှုံ.ဆော်နိုင်ပေးခဲ့တယ်။
Torture in Egypt မှာ သူတို. ရေးနေတာတွေက
အရမ်းစိတ်ထိခိုက်စရာကောင်းတယ်လေ။
ဒီလို လူ.အခွင့်ရေးချိုးဖောက်မှုတွေကို ဘလော့တွေကဖော်ထုတ်ခြင်းဖြင့်
နိုဟာကအရေးပါတဲ့မတရားမှု အချို.ကို ပြင်ဆင်တည့်မတ်ပေးနိုင်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်တုန်းက အမျိုးသမီးတစ်ယောက်က သူမခင်ပွန်းဟာ
တရားရုံးကတောင် အပြစ်ရှိတယ်လို. မပြောနိုင်တဲ့ အမှုအတွက်
ထောင်ထဲ ၁၄ နှစ် ထည့်ထားခံရတယ်လို.
နိုဟာကို စာရေးပြောခဲ့ပါတယ်။
ရုံးတော်က သူ.မှာအပြစ်မရှိဘူးလို.ဆုံးဖြတ်ခဲ့ပေမဲ့
ရဲသားတစ်ယောက်က သူ.ကိုဆက်ထိန်းသိမ်းထားခဲ့တယ်။
အဲဒီရဲဟာ သူ.ကို ထောင်ထဲဆက်ထည့်ထားဖို. စာရွက်စာတမ်းတွေကို ပြင်ခဲ့တယ်။
ကျွန်မလဲ အဲဒိအကြောင်း
ထပ်ခါထပ်ခါရေးခဲ့တယ်။
နိုဟာရဲ.ဆောင်းပါးဟာ သတင်းမီဒီယာကြီးတွေမှာဖော်ပြခြင်းခံခဲ့ရပါတယ်။
ဒီအမှုမှာပတ်သတ်နေတဲ့ ရဲဝန်ထမ်းဟာ သူ.အပေါ်မှာ
အများပြည်သူရဲ. အာရုံစိုက်မှုကြောင့် စိတ်ပျက်ဝမ်းနည်းမိကြောင်း နိုဟာဆီကို စာရေးခဲ့တယ်။
သိပ်မကြာခင်မှာပဲ အဲဒီတရားခံကို အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့တယ်။
တကယ်ဆိုရင် လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက လွတ်သင့်ခဲ့တာပါ။
တခြားထိရောက်တဲ့ သတင်းစုံစမ်းမှုတစ်ခုကတော့ တူနီးရှားမှာ ဖြစ်ခဲ့တာပါ။
တူနီးရှားလေယာဉ်တစ်စင်းရဲ. ဇာတ်လမ်းဟာ ကျနော့်မိတ်ဆွေ
တူနီးရှန်းလူမျိုး ဘလော့ဂါ တစ်ယောက်က တူနီးရှားနိုင်ငံက
လေယာဉ်တွေရဲ.ဓာတ်ပုံတွေကို အင်တာနက်မှာ ရှာနေတုန်း
Jetspotters လို.ခေါ်တဲ့ လူတွေက လေယာဉ်ပျံပုံတွေ တင်ထားလေ့ရှိတဲ့ website မှာ
တူနီးရှန်း သမ္မတရဲ. လေယာဉ်ကို သွားတွေ.တာကနေ စခဲ့ပါတယ်။
သူဆက်ရှာတဲ့အခါမှာ ဥရောပက လေဆိပ်အသီးသီးမှာ ဆိုက်ထားတဲ့
အဲဒိ သမ္မတလေယာဉ်ရဲ. ဓာတ်ပုံနှစ်ဆယ်ကျော်ကို ထပ်တွေ.လာရပါတယ်။
သူဟာ တူနီးရှားသမ္မတရဲ. Website ကိုသွားပါတယ်။
ပြီးတော့ လေဆိပ်တွေမှာ ဓာတ်ပုံရိုက်ခဲ့တဲ့ ရက်စွဲတွေနဲ.
သမ္မတရဲ. တရားဝင်ခရီးစဉ်တွေနဲ. တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။
အဲဒိအခါမှာ သူတွေ.လာတာကတော့
ခရီးစဉ်တစ်ခုသာလျှင် တရားဝင်တယ်ဆိုတာပါပဲ။
သူထုတ်ခဲ့တဲ့ မေးခွန်းက ...
တူနီးရှားလေယာဉ်ကို ဘယ်သူက ဘာအတွက် သုံးနေတာလဲ ?
သူဟာ အဲဒိလေယာဉ်ကို တွေ.ရတဲ့
လေဆိပ်တွေကို Google Earth မှာရှာပြီး
ကိုယ်တိုင်သွားတယ်။ ပြီးတော့
ပုံတွေရိုက်၊ ဗီဒီယိုတစ်ခုလုပ်ပြီးမှ
You Tube ဝက်ဘ်ဆိုဒ်ပေါ်လွှင့်တင်ခဲ့ပါတယ်။
ပြီးတော့ သူဟာ တူနီးရှား blog လောကမှာ အာဏာအလွဲသုံးစားမှုနဲ့
သတင်းမှန်ထုတ်ပြန်ရေးအကြောင်းတွေ ဆွေးနွေးခဲ့ပါတယ်။
သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ နိုင်ငံရေးရာမူဝါဒ မဂ္ဂဇင်းက
အဲဒီ့ဇာတ်လမ်းကို ဖော်ပြပြီး စုံစမ်းတဲ့အခါ
အဲဒီ့လေယာဉ်ကို တူနီးရှားသမ္မတကတော်က အသုံးပြုခဲ့ပြီး ဥရောပမှာ ဇိမ်ခံပစ္စည်းတွေအတွက်
ဈေးဝယ်ထွက်ခဲ့ကြောင်း ပေါ်လွင်လာခဲ့တယ်။
အဲဒီ့ဗီဒီယိုအပေါ် အများပြည်သူရဲ့ အာရုံစူးစိုက်လာမှုကြောင့်
တူနီးရှားအစိုးရက You Tube ဝဘ်ဆိုဒ်နဲ့ အခြားဗီဒီယိုဆိုဒ်ဖြစ်တဲ့
Dailymotion ကို ပိတ်ပင်ခဲ့တယ်။
ဒီလိုမျိုးကိစ္စကလွဲပြီး Torture in Egypt blog လို ကိစ္စတွေဟာ
အာဏာအလွဲသုံးစားမှုတွေကို ထောက်လှမ်းဖို့နဲ့
လက်နက်ကိရိယာတစ်ခုအဖြစ် အင်တာနက်ကို အသုံးပြုနိုင်တယ်ဆိုတာ
သက်သေဖြစ်လာပါတယ်။
ဒစ်ဂျစ်တယ်ကိရိယာတွေဟာ ဈေးနှုန်းချိုသာပြီး ကျယ်ပြန့်လာသလို
အသုံးပြုရလည်း လွယ်ကူလာတယ်။
သတင်းတွေရယူပြီး သုံးသပ်မျှဝေနိုင်စွမ်း တိုးတက်လာစေခဲ့ပါတယ်။
နည်းပညာသစ်တွေနဲ့ ဖန်တီးတွေးခေါ်မှုတို့ ချိတ်ဆက်အသုံးပြုခြင်းအားဖြင့်
လူတွေဟာ သတင်းအချက်အလက်တွေကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်တဲ့
အစွမ်းထက်လှုပ်ရှားမှုတွေအဖြစ် အသွင်ပြောင်းလဲပေးနိုင်ပါတယ်။
Tactical Tech ဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ.အတူ
သတင်းအချက်အလက်တွေသုံးပြီး တိုက်ပွဲဝင်လာတာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။
ဒီရုပ်ရှင်ထဲမှာ ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေကို
အပြောင်းအလဲအတွက် စွမ်းအားတစ်ခုအဖြစ် အသုံးပြုဖို့
နည်းနာ ၁ဝ ခုကို ပြသထားပါတယ်။
တကယ်လို့ သင်ဟာအဲဒီ့နညှ်းဗျူဟာတွေကို အသုံးပြုချင်တယ်ဆိုရင်
ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်တွေနဲ့
လိုအပ်တဲ့ဆော့ဖ်ဝဲ၊ ပစ္စည်းကိ၇ိယာတွေကို
စမ်းသပ်အသုံးပြုကြည့်စေလိုပါတယ်။
ပြီးရင် သင့်ရဲ. Info-activism သတင်းတွေကို ဘယ်လိုမှတ်တမ်းတင်တယ်ဆိုတာကို
ပြန်စဉ်းစားပါ။ ပြီးရင် ကျနော်တို.ကို ပြောပြပါ။
ဒါမှ ကျနော်တို.က တခြားသူတွေကို ပြန်ပြောပြလို.ရမယ်။
သတင်း နည်းပညာခေတ်ဟာ အခုချိန်ပဲ ဖြစ်တယ်။
အပြောင်းအလဲ ဖြစ်စေတဲ့ စွမ်းအားဟာ ကျွန်ပ်တို့ အားလုံးအတွက်
ရောက်ရှိလာပါပြီ။
မွမ်းမံချက်တွေနဲ့ ပါဝင်တဲ့ အကြောင်းအရာတွေကို http://www.informationactivism.org မှာ ဖတ်ရှုနိုင်တယ်။