Tip:
Highlight text to annotate it
X
ကျွန်တော်တို့ အခြေခံ ဝေါဟာရ၊ အသုံးအနှုံး တွေကို စ, ပြောကြရအောင်
ပြဿနာများကို အမျိုးအစား ခွဲခြားတဲ့ အခါ အသိညာဏ် အတုမှာ လူတော်တော်များများ သိကြတဲ့ ဝေါဟာရ၊ အသုံးအနှုံး တွေကိုပေါ့
ပထမဦးဆုံး ပြောမဲ့ စကားလုံးကတော့ အပြည့်အဝ လေ့လာစူးစမ်းနိုင်ခြင်း နဲ့ တပိုင်းတစ လေ့လာစူးစမ်းနိုင်ခြင်းပါပဲ
အပြည့်အဝ လေ့လာစူးစမ်းနိုင်တဲ့ ပတ်ဝန်းကျင် ဆိုတာ သင့်ရဲ့ အေးဂျင့် က အာရုံခံလိုက်တဲ့ အခါတိုင်း
ဘယ်အချိန်မှာမဆို အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ပြည့်စုံလုံလောက်နေတယ်ဆိုရင် အဲဒါ အပြည့်အဝ လေ့လာစူးစမ်းနိုင်တဲ့ ပတ်ဝန်းကျင် ပါပဲ
ကဲ ဥပမာဆိုပါတော့ ဖဲချပ်တွေ၊ ကဒ်တွေနဲ့ ကစားတဲ့ ကစားပွဲတွေမှာ
ကဒ်တွေအကုန် စားပွဲပေါ်မှာ မြင်နေရပြီဆိုရင် အဲဒီကဒ်တွေအကုန်လုံးဟာ
အကောင်းဆုံးရွေးချယ်မှုလုပ်ဖို့ တော်တော်လုံလောက်နေသလိုပါပဲ
ပြောင်းပြန်အနေနဲ့ တပိုင်းတစ စူးစမ်းနိုင်တဲ့ ပတ်ဝန်းကျင်မှာတော့
အေးဂျင့် အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ မှတ်ညာဏ်လိုအပ်ပါတယ်
ဥပမာ ပိုကာဝိုင်းတခုမှာ ကဒ်တွေဟာ စားပွဲပေါ်မှာ မှောက်လျှက်ရှိနေသေးတယ်ဆိုရင်
ရှေ့မှာ ဘာကဒ်တွေ ရှိခဲ့တာကို မှတ်ထားခြင်းဖြင့် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာ ဖြစ်ပါတယ်
ဒါကို ပိုပြီးရှင်းအောင် သဘောပေါက်စေဖို့၊ အေးဂျင့် က
သူရဲ့ အာရုံခံ (sensor) နဲ့ တုံပြန်မှု (actuator) တွေကို သုံးပြီး ပတ်ဝန်းကျင်နဲ့ ဘယ်လို အပြန်အလှန် ဆက်ဆံသလဲ ဆိုတာ ကြည့်ကြရပါမယ်
ဒီအပြန်အလှန် တုံပြန်ဆက်ဆံမှုဟာ ကွင်းဆက် အများကြီး ဖြစ်နေတာဖြစ်ပြီး
အာရုံခံ-တုံပြန် (perception-action) ကွင်းဆက်လို့ ခေါ်ပါမယ်။
ပတ်ဝန်းကျင်အများစုကို
လွယ်ကူအောင် ၎င်းတို့မှာ တစုံတခုသော အတိုင်းအတာအထိ ကိုယ်ပိုင် အခြေအနေ (internal state) ရှိတယ် လို့ ယူဆထားပါမယ်။
ဥပမာ အနေနဲ့ ဖဲဝိုင်းတခုမှာ ဖဲချပ်တွေဟာ စားပွဲပေါ်မှာ မလှန်ထားရသေးဘူးဆိုရင်
ခင်ဗျားရဲ့ လက်ထဲမှာရှိတဲ့ ကဒ်တွေဟာ အခြေအနေတခု ပါပဲ
အာရုံခံက ပတ်ဝန်းကျင် တခုရဲ့အခြေအနေတခုလုံးကို အမြဲတမ်း မြင်နိုင်တယ်ဆိုရင်
အဲဒါကို အပြည့်အဝ စူးစမ်းနိုင်တဲ့ ပတ်ဝန်းကျင်လို့ ခေါ်တာပါပဲ
ပတ်ဝန်းကျင်ရဲ့ တစိတ်တပိုင်းကိုသာ အာရုံခံက မြင်ရနိုင်တယ် ဆိုရင်တော့ တပိုင်းတစ လေ့လာစူးစမ်းနိုင်တဲ့ ပတ်ဝန်းကျင်လို့ ခေါ်တာပါပဲ
ပတ်ဝန်းကျင်ရဲ့ ယခင်က အခြေအနေတွေကို မှတ်ထားနိုင်ခြင်းက ကျွန်တော်တို့ကို အခုချက်ချင်း အနေနဲ့ မစူးစမ်းနိုင်သေးပေမဲ့
အပိုဆောင်းနားလည်မှုတွေ ရစေပါတယ်
ဥပမာ အနေနဲ့ ဘယ်လို ကစားပွဲမှာဖြစ်ဖြစ် အရင်တုန်းက ချခင်းထားတဲ့ ဖဲချပ်အချက်အလက်များအရ
လူတယောက်လက်ထဲမှာ ရှိမဲ့ ဖဲချက်တွေကို ခန့်မှန်းလို့ ရတာမျိုးကို တပိုင်းတစ စူးစမ်းလေ့လာနိုင်တဲ့ ကစားပွဲများလို့ သတ်မှတ်ပြီး
မတူညီတဲ့ တွက်ချက်တုန့်ပြန်မှု လုပ်ဖို့လိုပါတယ်
အဲဒီလို တပိုင်းတစသာ စူးစမ်းတွက်ချက်လို့ ရနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့ အေးဂျင့်တွေ အတွက်
ပတ်ဝန်းကျင်ရဲ့ အခြေအနေဟောင်းတွေကို မှတ်မိနေစေဖို့ အတွက်
ကိုယ်ပိုင် မှတ်ညာဏ် လိုအပ်ပါတယ်
ဒီအကြောင်းတွေကို 'hidden Markov' ပုံစံများအကြောင်း ပြောတဲ့အခါ
ဒီဖွဲ့စည်းပုံများမှာ အဲဒီလို ကိုယ်ပိုင်မှတ်ညာဏ်တွေ ရှိတဲ့အကြောင်း အသေးစိတ်ပြောဖို့ ရှိပါတယ်
ဒုတိယပြောမဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဝေါဟာရတခုကတော့
ပတ်ဝန်းကျင်ဟာ အစီအစဉ်ကျ ကြိုတင်ခန့်မှန်းနိုင်(deterministic) သလား၊ ပရမ်းပတာ ဖြစ်ချင်ရာဖြစ် (stochastic) လားဆိုတာပါပဲ
အစီအစဉ်ကျ ကြိုတင်ခန့်မှန်းနိုင်တဲ့ ပတ်ဝန်းကျင်ဟာ
အေးဂျင့်က ဘယ်လို ပြုမူရင် ဘာ ဖြစ်လာနိုင်မယ်ဆိုတာ သိနိုင်တဲ့ဟာမျိုးကို ခေါ်တာပါ
ဥပမာ စစ်တုရင် ကစားပွဲ တခုမှာ ခင်ဗျားက အကွက်တကွက်ကို ရွှေ့ပြီ ဆိုပါစို့
ရွှေ့လိုက်တဲ့ အကွက်ရဲ့ အကျိုးသက်ရောက်မှုဟာ ကြိုတင်တွက်ဆ ပြီးသားဖြစ်နေပါပြီ
အရုပ်တခုကို ဘယ်နေရာကိုပဲ ရွှေ့လိုက် ရွှေ့လိုက် ရွှေ့ကွက်ဟာ ကြိုတင်တွက်ထားတဲ့ နေရာကို ပဲ ရွှေ့သွားတာပါ
အဲဒါကို deterministic လို့ ခေါ်တာပါပဲ
အံစာတုံး ပစ်ပြီး ကစားရတဲ့ ကစားပွဲ မျိုးကိုတော့ ဖြစ်ချင်ရာဖြစ် (stochastic) ကစားပွဲ လို့ ခေါ်ပါတယ်
အရုပ်တွေကို အစီအစဉ်တကျ ရွှေ့လို့ ရချင် ရပါလိမ့်မယ်
အံစာတုံး ပစ်လို့ ရလာမဲ့ အပွင့်တွေကိုတော့
ခင်ဗျား ကြိုတင် မတွက်ဆ နိုင်ပါဘူး
အံစာတုံး အပွင့် တွေဟာ ကျပန်း ကျချင်ရာ ကျမှာဖြစ်တဲ့ အတွက်
ကျွန်တော်တို့က stochastic လို့ ခေါ်ပါမယ်
အပြတ် (discrete) နဲ့ တောက်လျှောက် အဆက်မပြတ် ဖြစ်ခြင်း (continuous) အကြောင်း ပြောရအောင်
အပြတ် ပတ်ဝန်းကျင် မှာ ဆိုရင် ခင်ဗျားရွေးချယ်နိုင်တဲ့ လုပ်ရပ် (action) တွေဟာ အရေအတွက်နဲ့ အကန့်အသတ်ရှိပါတယ်
ခင်ဗျား အာရုံခံစား တွက်ချက်နိုင်တာလဲ အကန့်အသတ် အရေအတွက်နဲ့ပါ
ဥပမာ စစ်တုရင်ကိုပဲ ပြောကြပါစို့ ရွှေ့နိုင်တဲ့ ရွှေ့ကွက် အနေအထားဟာ အကန့်အသတ်နဲ့ ဖြစ်ပါတယ်
တကယ်ရွှေ့တော့လည်း ရွေးချယ်စရာ အကန့်အသတ်နဲ့ ဖြစ်တာကို တွေ့ရမှာပါ
အဆက်မပြတ် ဖြစ်တဲ့ ပတ်ဝန်းကျင်မှာတော့ ဒီလိုမဟုတ်ပါဘူး
ခင်ဗျား အာရုံခံပြီး လုပ်နိုင်တဲ့ နည်းလမ်းတွေ အရာတွေက အကန့်အသတ်မရှိတော့ပါဘူး
ဥပမာ မျှားတစင်းကို ပစ်မယ်ဆိုပါတော့ ဘယ်ထောင့်ကနေ ဘယ်နှ ဒီဂရီစောင်း ပစ်မယ်ဆိုတာ အကန့်အသတ် မရှိတော့ပါဘူး
အဲ ဘယ်လောက်မြန်မြန် ပစ်မယ်ဆိုတာပါရော ပေါ
နောက်ဆုံးအနေနဲ့ ကိုက်ညီ (benign) တဲ့ ပတ်ဝန်းကျင်နဲ့ ဆန့်ကျင် (adversarial) တဲ့ ပတ်ဝန်းကျင် အကြောင်းပြောရအောင်
ကိုက်ညီတဲ့ ပတ်ဝန်းကျင် မှာ ပတ်ဝန်းကျင်က ဖြစ်ချင်ရာဖြစ်နေတာ ဖြစ်မယ်
ရွေးချယ်နိုင်စရာ တွေ အများကြီးရှိတာလည်း ဖြစ်နေမယ်။ ဒါပေမဲ့ အဲဒီပတ်ဝန်းကျင်မှာ ရည်မှန်းချက် ပန်းတိုင် မရှိပဲ ဖြစ်နေမယ်
ရည်မှန်းချက်ပန်းတိုင်ကို ဆန့်ကျင်ဘက်ဖြစ်စေမဲ့ ဟာလည်း ရှိနေမယ်
ဥပမာ ရာသီဥတုဟာ ကိုက်ညီတဲ့ ပတ်ဝန်းကျင် ဖြစ်တယ်
ဖြစ်ချင်ရာဖြစ်နေလိမ့်မယ်၊ ခင်ဗျားလုပ်ရမဲ့ ဟာတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေလိမ့်မယ်
ဒါပေမဲ့ ခင်ဗျားကို အောင်နိုင်ဖို့တော့ အဲဒီပတ်ဝန်းကျင်က မလုပ်နေဘူး
ပြောင်းပြန်အနေနဲ့ ဆန့်ကျင်ဘက် ပတ်ဝန်းကျင် ကျတော့ ကစားပွဲအများစုလို (ဥပမာ စစ်တုရင်လို ဟာမျိုးမှာ)
ပြိုင်ဘက်က ခင်ဗျားကို အနိုင်ရအောင် ကြိုးပမ်းနေတာကို တွေ့နိုင်တယ်
ဆန့်ကျင်ဘက် ပတ်ဝန်းကျင်မှာဆိုရင် အကောင်းဆုံးတုံပြန်မှုကို လုပ်နိုင်ဖို့အတွက် ရှာရတာ ခက်ခဲနေတတ်တာကို တွေ့ရတယ်
ပြိုင်ဘက်က ခင်ဗျားကို အချက်ကျကျ လေ့လာနေပြီး ခင်ဗျားရနိုင်တာတွေကို ပိတ်ဆို့ ဟန့်တားဖို့လုပ်နေတာကို တွေ့ရလိမ့်မယ်
ကိုက်ညီတဲ့ ပတ်ဝန်းကျင်နဲ့ ပြန်နှိုင်းယှဉ်ကြည့်ရင် အဲဒီပတ်ဝန်းကျင်က ဗရမ်းဗတာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်
ဒါပေမဲ့ ခင်ဗျားကို ဒုက္ခရောက်စေဖို့ စိတ်ဝင်တစား လုပ်နေတာတော့ မဟုတ်ဖူး
ကဲ ခု ပြောခဲ့တဲ့ အချက်တွေ ဘယ်လောက်ခင်ဗျား နားလည်မလဲ ကြည့်ရအောင်
ညာဏ်စမ်းလေး ဖြေကြည့် ကြမယ်
၎ ခု ပြန်ပြောမယ်၊ အားလုံး လေ့လာစူးစမ်းနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ၊ တဝက်တပျက်ပဲ လေ့လာစူးစမ်းနိုင်တာ
ဗရမ်းဗတာ နဲ့ ကြိုတင်တွက်ဆနိုင်တာ၊ အပြတ်နဲ့ စဉ်ဆက်မပြတ် ပတ်ဝန်းကျင်
ဆန့်ကျင်တာနဲ့ ကိုက်ညီတာ
ကျားထိုးတာနဲ့ ပတ်သက်တဲ့ မေးခွန်းမေးမယ်
မှန်တယ် ထင်တဲ့နေရာကို ရွေးပြီး ဖြေပေးပါ တခုထက်ပိုမှန်ရင်လဲ မှန်တာတွေအားလုံးကို ရွေးပေးပေါ့
ကျားကစားခြင်းဟာ တဝက်တပျက်ပဲ လေ့လာစူးစမ်းနိုင်တာ လို့ ခင်ဗျားထင်ရင် ဒီဟာကိုရွေးပေး
အဲသလို မဟုတ်ဖူးဆိုရင် မရွေးပဲ ချန်ထားခဲ့ပေါ့
ဗရမ်းဗတာ ပတ်ဝန်းကျင်လား၊ ဒီဟာကို ရွေးပေးပါ
အဆက်မပြတ်လား ဒီဟာကိုရွေး၊ ဆန့်ကျင်တာလား ဒီဟာကို ရွေးလိုက်ပေါ့
ကျားထိုးတဲ့ အကြောင်း သိပ်နားမလည်ဘူး ဆိုရင် အင်တာနက်မှာ ရှာကြည့်လို့ရတယ်
ကျားထိုး ကစားနည်း အကြောင်း နဲနဲပါးပါး ရှင်းပြထားတာတွေ ရှိတယ်။